Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 11:16

Judson Bible

ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​လို​သော​ငှာ၊ သ​ဘော​ချ​သော​သူ​တို့​သည်​လည်း၊ ဣ​သ​ရေ​လ​ခ​ရိုင်​များ​ထဲ​က ထွက်၍၊ ဘိုး​ဘေး​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​အံ့​သော​ငှာ၊ လေ​ဝိ​သား​တို့​နောက်​သို့ လိုက်၍၊ ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​လာ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

28 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​သည် ဘုန်း​ကြီး​တော်​မူ​သည်​ဟု ဝန်​ခံ​ကြ​လော့။ ပူ​ဇော်​သ​ကာ​ကို ဆောင်​ခဲ့​လျက် ရှေ့​တော်​သို့ ချဉ်း​ကပ်​ကြ​လော့။ သန့်​ရှင်း​သော​တန်​ဆာ​ကို​ဆင်၍ ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ကြ​လော့။

သို့​ဖြစ်၍၊ ဒါ​ဝိဒ်​က ဤ​အ​ရပ်​သည် ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်၏​အိမ်​တော်​ဖြစ်၏။ ဤ​ယဇ်​ပ​လ္လင်​သည် ဣ​သ​ရေ​လ​အ​မျိုး၏ ယဇ်​ပ​လ္လင်​ဖြစ်၏​ဟု ဆို​လျက်၊

သို့​ဖြစ်၍ သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ရှာ​ခြင်း​ငှာ ကိုယ်​စိတ်​နှ​လုံး​ကို နှိုး​ဆော်​တိုက်​တွန်း​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​အ​ဖို့၊ တည်​ရ​သော အိမ်​တော်​ထဲ​သို့ ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​နှင့် ဘု​ရား​သ​ခင်၏ သန့်​ရှင်း​သော​တန်​ဆာ​တို့​ကို သွင်း​ခြင်း​ငှာ ထ​ကြ​လော့။ ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်၏​သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို တည်​ဆောက်​ကြ​လော့​ဟု မှာ​ထား​တော်​မူ၏။

ထို​သို့​သူ​တို့​သည် ယု​ဒ​နိုင်​ငံ​ကို အား​ပေး၍ ရှော​လ​မုန်​သား​ရော​ဗောင်​ကို သုံး​နှစ်​ပတ်​လုံး ခိုင်​ခံ့​စေ​ကြ၏။ သုံး​နှစ်​ပတ်​လုံး ဒါ​ဝိဒ်​လမ်း၊ ရှော​လ​မုန်​လမ်း​သို့ လိုက်​ကြ၏။

ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ရှာ​ပါ​မည်​ဟူ၍​လည်း​ကောင်း၊

ယု​ဒ​လူ​အ​ပေါင်း​သည် ထို​သို့​ကျိန်​ဆို​ခြင်း​ကို ပြု​သော​အ​ခါ ဝမ်း​မြောက်​ကြ၏။ အ​ကြောင်း​မူ​ကား၊ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ကျိန်​ဆို၍၊ အ​လို​ဆ​န္ဒ​အား​ကြီး​သည်​နှင့်၊ ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​သော​ကြောင့် အ​တွေ့​ခံ​တော်​မူ၏။ အ​ရပ်​ရပ်၌ ငြိမ်​သက်​ခြင်း​အ​ခွင့်​ကို ပေး​တော်​မူ၏။

ယု​ဒ​အ​မျိုး​နှင့် ဗင်္ယာ​မိန်​အ​မျိုး​သား အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ ဧ​ဖ​ရိမ်​ခ​ရိုင်၊ မ​နာ​ရှေ​ခ​ရိုင်၊ ရှိ​မောင်​ခ​ရိုင်​ထဲ​က​ထွက်​သော တစ်​ပါး​အ​မျိုး​သား​တို့​ကို​လည်း​ကောင်း စု​ဝေး​စေ၏။ အာ​သ​မင်း၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သူ​နှင့်​အ​တူ ရှိ​တော်​မူ​ကြောင်း​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​များ​တို့​သည် သိ​မြင်​လျှင်၊ ထို​မင်း​ဘက်​သို့ ဝင်​စား​ကြ၏။

သို့​သော်​လည်း၊ မင်း​ကြီး​သည် တစ်​ပြည်​လုံး​တွင်၊ အာ​ရှ​ရ​ပင်​တို့​ကို ပယ်​ရှား၍၊ ဘု​ရား​သ​ခင်​ကို​ရှာ​ခြင်း​ငှာ သ​ဘော​ချ​သော​ကြောင့်၊ ကျင့်​သော အ​ကျင့်​ကောင်း​ပါ​ပြီ​ဟု ဆို၏။

ယော​ရှ​ဖတ်​သည် ကြောက်၍၊ ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​ခြင်း​ငှာ​သ​ဘော​ချ​လျက်၊ အ​စာ​ရှောင်​ရာ​အ​ချိန်​ကို၊ ယု​ဒ​ပြည်​တစ်​လျှောက်​လုံး၌ ကြော်​ငြာ​စေ​တော်​မူ၏။

ယု​ဒ​လူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ဆု​တောင်း​မည်​ဟု​စု​ဝေး၍၊ ထာ​ဝ​ရ​ဘု​ရား​ကို​ရှာ​အံ့​သော​ငှာ၊ ယု​ဒ​မြို့​ရှိ​သ​မျှ​မှ ထွက်​လာ​ကြ၏။

သို့​ရာ​တွင် အာ​ရှာ​ခ​ရိုင်​သား၊ မ​နာ​ရှေ​ခ​ရိုင်​သား၊ ဇာ​ဗု​လုန်​ခ​ရိုင်​သား​အ​ချို့​တို့​သည် ကိုယ်​ကို​နှိမ့်​ချ၍ ယေ​ရု​ရှ​လင်​မြို့​သို့ လာ​ကြ၏။

ဘု​ရား​သ​ခင်​သည် လူ​ကို​အ​လို​တော်​မ​ရှိ၍၊ လူ၏​အ​သက်​ဝိ​ညာဉ်​ကို ရုပ်​သိမ်း​တော်​မူ​လျှင်၊

အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​နှ​လုံး​သည် တည်​ကြည်​ပါ၏။ သီ​ချင်း​ဆို​ပါ​မည်။ ဝိ​ညာဉ်​ပါ​လျက် ချီး​မွမ်း​ထော​မ​နာ​ပြု​ပါ​မည်။

ညှဉ်း​ဆဲ​ခြင်း​ကို မ​ကိုး​စား​ကြ​နှင့်။ အ​နိုင်​အ​ထက်​လု​ယူ၍ မ​ဝါ​ကြွား​ကြ​နှင့်။ ဥ​စ္စာ​များ​ပြား​လျှင် စိတ်​စွဲ​လမ်း​ခြင်း မ​ရှိ​ကြ​နှင့်။

ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ကို ပ​မာ​ဏ​မ​ပြု​သော​သူ​တို့​သည်၊ မိ​မိ​ကျွန်၊ မိ​မိ​တိ​ရ​စ္ဆာန်​တို့​ကို လယ်​ပြင်၌​ထား​ကြ၏။

ထို​စ​ကား​ကို ကြား​လျှင်၊ ရှင်​ဘု​ရင်​သည် အ​လွန်​နောင်​တ​ရ၍ ဒံ​ယေ​လ​ကို လွှတ်​ခြင်း​ငှာ စိတ်​အား​ကြီး​သ​ဖြင့်၊ လွှတ်​ရ​သော​အ​ခွင့်​ကို နေ​ဝင်​သည်​တိုင်​အောင် ကြိုး​စား၍ ရှာ​တော်​မူ၏။

ငါ့​လူ​တို့၏ အ​ပြစ်​ဖြေ​ရာ​ယဇ်​တို့​ကို စား​လျက်​နှင့်​ပင်၊ ထို​အ​ပြစ်​ကို စိတ်​စွဲ​လမ်း​တတ်​ကြ၏။

ယ​ခု​မှာ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ကိုယ်​ကျင့်​သော အ​ကျင့်​တို့​ကို​ဆင်​ခြင်​ကြ​လော့။

မြို့​တစ်​မြို့၌ နေ​သော​သူ​သည် အ​ခြား​မြို့​တစ်​မြို့၌ နေ​သော​သူ​တို့​ဆီ​သို့ သွား၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဆု​တောင်း​ခြင်း​ငှာ​လည်း​ကောင်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​ခြင်း​ငှာ​လည်း​ကောင်း ဧ​ကန်​အ​မှန် သွား​ကြ​ကုန်​အံ့။ ငါ​လည်း​သွား​မည်​ဟု ခေါ်​ကြ​လိမ့်​မည်။

ထို​သူ​သည် ရောက်၍ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို မြင်​လျှင် ဝမ်း​မြောက်​ဝမ်း​သာ​ခြင်း​ရှိ၍ ထို​သူ​အ​ပေါင်း​တို့​သည် ယုံ​ကြည်​သော​စိတ်​နှင့် သ​ခင်​ဘု​ရား​ကို မှီ​ဝဲ​ဆည်း​ကပ်​မည်​အ​ကြောင်း တိုက်​တွန်း နှိုး​ဆော်​လေ၏။-

နာ​မ​တော်​ကို​တည်​စေ​ဖို့​ရာ၊ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော​အ​ရပ် ရှိ​ရ​မည်။ ထို​အ​ရပ်​သို့ ငါ​မှာ​ထား​သ​မျှ​အ​တိုင်း၊ သင်​တို့​မီး​ရှို့​ရာ​ယဇ် အ​စ​ရှိ​သော​ယဇ်​များ၊ ဆယ်​ဖို့​တစ်​ဖို့​ပူ​ဇော်​သ​ကာ၊ ချီ​မြှောက်​ရာ ပူ​ဇော်​သ​ကာ၊ ထာ​ဝ​ရ​ဘု​ရား​အား​က​တိ​ရှိ​သည်​အ​တိုင်း၊ မြတ်​သော​ပူ​ဇော်​သ​ကာ​တို့​ကို ဆောင်​ခဲ့​ရ​ကြ​မည်။

သင်​တို့​အား ယ​နေ့​ငါ​သက်​သေ​ခံ​သ​မျှ​သော စ​ကား​တို့​ကို နှ​လုံး​သွင်း​ကြ​လော့။ သင်​တို့​သား​သ​မီး​တို့​သည် ဤ​ပ​ညတ်​တ​ရား စ​ကား​တော်​အ​လုံး​စုံ​တို့​ကို စောင့်​ရှောက်​စေ​ခြင်း​ငှာ၊ သူ​တို့​အား ထပ်​ဆင့်၍ မှာ​ထား​ရ​ကြ​မည်။

သို့​သော်​လည်း သင်​တို့​အ​ပိုင်​ရ​သော​မြေ​သည် မ​စင်​ကြယ်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား အ​ပိုင်​ယူ​တော်​မူ၍၊ တဲ​တော်​ရှိ​ရာ​မြေ​သို့ ကူး​သ​ဖြင့် ငါ​တို့​နှင့်​အ​တူ အ​ပိုင်​ယူ​ကြ​လော့။ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပ​လ္လင်​တော်​မှ​တစ်​ပါး၊ အ​ခြား​သော​ယဇ်​ပ​လ္လင်​ကို ကိုယ်​အ​ဖို့​တည်၍ ထာ​ဝ​ရ​ဘု​ရား​ကို မ​ပုန်​ကန်​ကြ​နှင့်။ ငါ​တို့​ကို​လည်း မ​ပုန်​ကန်​ကြ​နှင့်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ