၂ ရာချုပ် 11:13Judson Bibleဣသရေလပြည် အရပ်ရပ်၌ရှိသော ယဇ်ပုရောဟိတ် လေဝိသားတို့သည်၊ မိမိတို့နေရာမှ အထံတော်သို့ လာကြ၏။ အခန်းကိုကြည့်ပါ။ |
သို့သော်လည်း သင်တို့အပိုင်ရသောမြေသည် မစင်ကြယ်လျှင်၊ ထာဝရဘုရား အပိုင်ယူတော်မူ၍၊ တဲတော်ရှိရာမြေသို့ ကူးသဖြင့် ငါတို့နှင့်အတူ အပိုင်ယူကြလော့။ ငါတို့ဘုရားသခင် ထာဝရဘုရား၏ ယဇ်ပလ္လင်တော်မှတစ်ပါး၊ အခြားသောယဇ်ပလ္လင်ကို ကိုယ်အဖို့တည်၍ ထာဝရဘုရားကို မပုန်ကန်ကြနှင့်။ ငါတို့ကိုလည်း မပုန်ကန်ကြနှင့်။