Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 11:10

Judson Bible

ဇော​ရာ​မြို့၊ အာ​ဇ​လုန်​မြို့၊ ဟေ​ဗြုန်​မြို့​တည်း​ဟူ​သော ယု​ဒ​ခ​ရိုင်​နှင့် ဗင်္ယာ​မိန်​ခ​ရိုင်​တွင် ခိုင်​ခံ့​သော​မြို့​တို့​ကို ပြု​စု​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ခါ​နာန်​ပြည်၊ ဟေ​ဗြုန်​မြို့​တည်း​ဟူ​သော၊ ကိ​ရ​ယ​သာ​ဘ​မြို့၌ သေ​လေ၏။ အာ​ဗြ​ဟံ​သည်​လည်း စာ​ရာ​ကြောင့် ညည်း​တွား​ငို​ကြွေး​ခြင်း​ငှာ​လာ၏။

ထို​နောက် ဒါ​ဝိဒ်​က၊ အ​ကျွန်ုပ်​သည် ယု​ဒ​မြို့ တစ်​စုံ​တစ်​မြို့​သို့ သွား​ရ​ပါ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ မေး​လျှောက်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​က သွား​လော့​ဟု​မိန့်​တော်​မူ၏။ ဒါ​ဝိဒ်​က​လည်း အ​ဘယ်​မြို့​သို့ သွား​ရ​ပါ​မည်​နည်း​ဟု မေး​လျှောက်​သော်၊ ဟေ​ဗြုန်​မြို့​သို့​သွား​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊

ဒါ​ဝိဒ်​သည် ဟေ​ဗြုန်​မြို့၌​နေ၍ ယု​ဒ​အ​မျိုး​ကို အ​စိုး​ရ​သော​နှစ်​ပေါင်း​ကား ခု​နစ်​နှစ်​နှင့်​ခြောက်​လ ဖြစ်​သ​တည်း။

ရဲ​တိုက်​များ​ကို​လည်း​ခိုင်​ခံ့​စေ၍၊ အ​ကြီး​အ​ကဲ​နှင့်​တ​ကွ ဆီ၊ စ​ပျစ်​ရည်​များ၊ ရိ​က္ခာ​များ​ကို သို​ထား​လေ၏။

အ​ဒေါ​ရိမ်​မြို့၊ လာ​ခိ​ရှ​မြို့၊ အ​ဇေ​ကာ​မြို့၊

ဖိ​လိ​တ္တိ​လူ​တို့​သည်​လည်း၊ နိုင်​ငံ​အောက်​ပိုင်း​နှင့် ယု​ဒ​ပြည်​တောင်​ပိုင်း၌​ရှိ​သော မြို့​တို့​ကို​တိုက်၍၊ ဗက်​ရှေ​မက်​မြို့၊ အာ​ဇ​လုန်​မြို့၊ ဂေ​ဒ​ရုတ်​မြို့၊ ရှော​ခေါ​မြို့​ရွာ၊ တိ​မ​နာ​မြို့​ရွာ၊ ဂိ​မ​ဇော​မြို့​ရွာ​များ​ကို ယူ၍ နေ​ရာ​ချ​ကြ၏။

တောင်​မျက်​နှာ၌​လျှောက်​သွား၍ အာ​န​က​အ​မျိုး​သား အ​ဟိ​မန်၊ ရှေ​ရှဲ၊ တာ​လ​မဲ​နေ​သော ဟေ​ဗြုန်​မြို့​သို့ ရောက်​ကြ၏။ ဟေ​ဗြုန်​မြို့​ကား၊ အဲ​ဂု​တ္တု​ပြည်၌ ဇော​န​မြို့​မ​တည်​မီ ခု​နစ်​နှစ်​က​တည်​သော​မြို့ ဖြစ်​သ​တည်း။

ထို​သို့ အာ​မော​ရိ​လူ​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ အပ်​တော်​မူ​သော​နေ့​မှာ၊ ယော​ရှု​သည် ထာ​ဝ​ရ​ဘု​ရား​ကို ဆု​တောင်း​ပြီး​လျှင်၊ အို နေ သင်​သည်​ဂိ​ဗောင်​မြို့၌​လည်း​ကောင်း၊ အို လ သင်​သည်​အာ​ယ​လုန်​ချိုင့်၌​လည်း​ကောင်း ငြိမ်​ဝပ်​စွာ​နေ​လော့​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​များ​ရှေ့​တွင် မြွက်​ဆို​သည်​အ​တိုင်း၊

တစ်​ဖန် ယော​ရှု​သည် ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ ဧ​ဂ​လုန်​မြို့​မှ ဟေ​ဗြုန်​မြို့​သို့ ချီ​သွား၍ တိုက်​ကြ၏။

သို့​ဖြစ်၍ ကေ​နက်​အ​မျိုး ယေ​ဖု​န္နာ၏​သား​ကာ​လက်​သည်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​နောက်​တော်​သို့ လုံး​လုံး​လိုက်​သော​ကြောင့်၊ ဟေ​ဗြုန်​ပြည်​သည် ယ​နေ့​တိုင်​အောင် ကာ​လက်၏​အ​မွေ​မြေ​ဖြစ်​သ​တည်း။

ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ယော​ရှု​သည် ယု​ဒ​အ​မျိုး​သား​တို့​တွင် ယေ​ဖု​န္နာ၏​သား ကာ​လက်​အ​ဖို့ ဟေ​ဗြုန်​မြို့​တည်း​ဟူ​သော အာ​န​က​အ​ဘ၊ အာ​ဘ၏​မြို့​ကို ချ​ပေး​လေ၏။

ချိုင့်၌​လည်း ဧ​ရှ​တော​လ​မြို့၊ ဇော​ရာ​မြို့၊ အာ​ရှ​နာ​မြို့၊

သူ​တို့​သည် ဂါ​လိ​လဲ​ပြည်၊ နဿ​လိ​တောင်​ပေါ်​မှာ ကေ​ဒေ​ရှ​မြို့၊ ဧ​ဖ​ရိမ်​တောင်​ပေါ်​မှာ ရှေ​ခင်​မြို့၊ ယု​ဒ​တောင်​ပေါ်​မှာ ဟေ​ဗြုန်​မြို့​တည်း​ဟူ​သော ကိ​ရ​ယ​သာ​ဘ​မြို့​တို့​ကို​လည်း​ကောင်း၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ