သူတို့က ကိုယ်တော်သည် ဤသူတို့၌ ကျေးဇူးပြုလျက်၊ သူတို့စိတ်ကိုဖြေ၍ ကောင်းသောစကားကို ပြောတော်မူလျှင်၊ သူတို့သည် အစဉ် ကိုယ်တော်၏ကျွန် ခံကြပါလိမ့်မည်ဟု လျှောက်ထားကြ၏။
နဿလိသည်လှသောအခက်အလက်နှင့်ပြည့်စုံ၍၊ ကျယ်ဝန်းသော သပိတ်ပင်ဖြစ်၏။
သူတို့က၊ ကိုယ်တော်သည် ယနေ့ဤသူတို့၏ကျွန်ခံလျက်၊ သူတို့အမှုကိုစောင့်၍ ကောင်းသောစကားနှင့် ပြန်ပြောတော်မူလျှင်၊ သူတို့သည် အစဉ် ကိုယ်တော်၏ကျွန်ခံကြပါလိမ့်မည်ဟု လျှောက်ထားကြ၏။
ဖြည်းညင်းသော စကားသည် စိတ်ကိုဖြေတတ်၏။ ကြမ်းတမ်းသောစကားမူကား၊ အမျက်ကို နှိုးဆော်တတ်၏။