Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 10:6

Judson Bible

ထို​အ​ခါ ရော​ဗောင်​မင်း​ကြီး​သည် ခ​မည်း​တော်​ရှော​လ​မုန် အ​သက်​ရှင်​စဉ်​အ​ခါ၊ အ​ထံ​တော်၌​ခ​စား​သော အ​သက်​ကြီး​သူ​တို့​နှင့် တိုင်​ပင်၍၊ ဤ​သူ​တို့​အား ငါ​ပြန်​ပြော​ရ​မည်​အ​ကြောင်း၊ အ​ဘယ်​သို့ အ​ကြံ​ပေး​ကြ​မည်​နည်း​ဟု မေး​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

အ​ဗ​ရှ​လုံ​က​လည်း၊ ငါ​တို့​သည်​အ​ဘယ်​သို့​ပြု​ရ​မည်​ကို​အ​ကြံ​ပေး​ပါ​ဟု အ​ဟိ​သော​ဖေ​လ​အား​ဆို​လျှင်၊

ရော​ဗောင်​က​လည်း၊ သုံး​ရက်​လွန်​မှ တစ်​ဖန် လာ​ကြ​ဦး​လော့​ဟု မိန့်​တော်​မူ​လျှင်၊ သူ​တို့​သည် သွား​ကြ၏။

နေ့​ရက်​ကာ​လ တာ​ရှည်​သော​သူ​သည် စ​ကား​ပြော​အပ်၏။ နှစ်​ပေါင်း​များ​စွာ လွန်​သော​သူ​သည် ပ​ညာ​ကို သွန်​သင်​အပ်၏။

မိုက်​သော​သူ​သည် မိ​မိ​ပြု​သော​အ​မှု​ကို မှန်​သည်​ဟု ထင်​တတ်၏။ အ​ကြံ​ပေး​သော​စ​ကား​ကို နား​ထောင်​သော​သူ​မူ​ကား ပ​ညာ​ရှိ၏။

နောက်​ဆုံး​ကာ​လ၌ ပ​ညာ​ရှိ​ဖြစ်​လို​သော​ငှာ၊ ဆုံး​မ​သော​စ​ကား​ကို နား​ထောင်၍ နည်း​ဥ​ပ​ဒေ​ကို ခံ​ယူ​လော့။

ကိုယ်​အ​ဆွေ​ခင်​ပွန်း​နှင့် အ​ဘ၏​အ​ဆွေ​ခင်​ပွန်း​ကို မ​စွန့်​နှင့်။ အ​မှု​ရောက်​သော​ကာ​လ၌၊ ညီ​အစ်​ကို​အိမ်​သို့​မ​သွား​နှင့်။ နီး​သော​အိမ်​နီး​ချင်း​သည် ဝေး​သော​ညီ​အစ်​ကို​ထက် သာ၍​ကောင်း၏။

အ​ကယ်​စင်​စစ် သင်​တို့​က၊ အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား အ​ကျွန်ုပ်​တို့​အ​ဖို့ ဆု​တောင်း​ပါ​လော့။ အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သ​မျှ​တို့​ကို ကြား​ပြော​ပါ​လော့။ အ​ကျွန်ုပ်​တို့​သည် နား​ထောင်​ပါ​မည်​ဟု​ဆို၍၊ ငါ့​ကို သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ စေ​လွှတ်​သော​အ​ခါ၊ ကိုယ်​စိတ်​ကို ကိုယ်​လှည့်​စား​ကြ​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ