Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 10:17

Judson Bible

သို့​ရာ​တွင် ယု​ဒ​မြို့​ရွာ​တို့၌​နေ​သော ဣ​သ​ရေ​လ​လူ​တို့​ကို၊ ရော​ဗောင်​သည် အုပ်​စိုး​ရ​သေး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ငါ့​နာ​မ​တည်​ရာ​ဖို့ ငါ​ရွေး​ကောက်​သော​ယေ​ရု​ရှ​လင်​မြို့​တွင်၊ ငါ့​ရှေ့​မှာ ငါ့​ကျွန်​ဒါ​ဝိဒ်၏​မီး​ခွက်​သည် အ​စဉ်​ထွန်း​လင်း​လျက် ရှိ​စေ​ခြင်း​ငှာ၊ ရှော​လ​မုန်​သား​အား တစ်​ခ​ရိုင်​ကို​ငါ​ပေး၏။

သို့​ရာ​တွင် ယု​ဒ​မြို့​ရွာ​တို့၌​နေ​သော ဣ​သ​ရေ​လ​လူ​တို့​ကို ရော​ဗောင်​သည် အုပ်​စိုး​ရ​သေး၏။

ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည် ရှင်​ဘု​ရင်​နား​မ​ထောင်​ကြောင်း​ကို သိ​မြင်​လျှင်၊ ငါ​တို့​သည် ဒါ​ဝိဒ်​နှင့် အ​ဘယ်​သို့​ဆက်​ဆံ​သ​နည်း။ ယေ​ရှဲ၏​သား​နှင့် အ​ဘယ်​သို့ အ​မွေ​ခံ​ရ​သေး​သ​နည်း။ အို​ဣ​သ​ရေ​လ​အ​မျိုး၊ သင်​တို့​နေ​ရာ​သို့ အ​သီး​အ​သီး​သွား​ကြ။ အို​ဒါ​ဝိဒ်၊ သင်၏ အိမ်​ကို​ကြည့်​ရှု​လော့​ဟု ရှင်​ဘု​ရင်​အား ပြန်​ပြော​လျက်၊ ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​နေ​ရာ​သို့ ပြန်​သွား​ကြ၏။

ထို​အ​ခါ ရော​ဗောင်​မင်း​ကြီး​သည်၊ အ​ခွန်​တော်​ဝန် အ​ဒေါ​နိ​ရံ​ကို စေ​လွှတ်၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သူ့​ကို​သေ​အောင် ကျောက်​ခဲ​နှင့်​ပစ်​ကြ၏။

ရော​ဗောင်​သည် ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​ကို စစ်​တိုက်၍၊ နိုင်​ငံ​တော်​ကို ရော​ဗောင်​လက်​သို့ ရောက်​ပြန်​စေ​ခြင်း​ငှာ၊ ယု​ဒ​အ​မျိုး​နှင့် ဗင်္ယာ​မိန်​အ​မျိုး​ထဲ​က ရွေး​ချယ်​သော​စစ်​သူ​ရဲ တစ်​သိန်း​ရှစ်​သောင်း​တို့​ကို စု​ဝေး​စေ၏။

ယု​ဒ​အ​မျိုး​နှင့် ဗင်္ယာ​မိန်​အ​မျိုး​သည် အ​မှု​တော်​ကို​ထမ်း​ရွက်​သော​ကြောင့်၊ မြို့​အ​သီး​အ​သီး​တို့၌ ဒိုင်း​လွှား​လှံ​လက်​နက်​များ​ကို ထား၍ အ​လွန်​ခိုင်​ခံ့​စေ၏။

သင်​သည် ရှော​လ​မုန်​သား ယု​ဒ​ရှင်​ဘု​ရင်​ရော​ဗောင်​နှင့် ယု​ဒ​ခ​ရိုင်၊ ဗင်္ယာ​မိန်​ခ​ရိုင်၌​ရှိ​သော ဣ​သ​ရေ​လ​လူ အ​ပေါင်း​တို့​အား ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊

အ​ချင်း​လူ​သား၊ တုတ်​တစ်​ချောင်း​ကို​ယူ၍၊ ယု​ဒ​အ​မျိုး​နှင့် သူ၏​အ​ပေါင်း​အ​ဖော် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ဖို့​ဟု ရေး​မှတ်​လော့။ တစ်​ဖန် တုတ်​တစ်​ချောင်း​ကို​ယူ၍၊ ယော​သပ်​အ​မျိုး​နှင့် သူ၏ အ​ပေါင်း​အ​ဖော် ဣ​သ​ရေ​လ​အ​မျိုး​သား​များ​အ​ဖို့၊ ဧ​ဖ​ရိမ်​တုတ်​ပေ​တည်း​ဟု ရေး​မှတ်​လော့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ