Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 10:15

Judson Bible

ရှင်​ဘု​ရင်​သည် ပြည်​သား​တို့​စ​ကား​ကို နား​မ​ထောင်​ရ​သည် အ​ကြောင်း​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ရှိ​လော​မြို့​သား အ​ဟိ​ယ​အား​ဖြင့် နေ​ဗတ်၏​သား​ယေ​ရော​ဗောင်​အား မိန့်​တော်​မူ​သော​စ​ကား​ကို ပြည့်​စုံ​စေ​တော်​မူ​မည် အ​ကြောင်း​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

အ​ဗ​ရှ​လုံ​နှင့် ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​က၊ အာ​ခိ​လူ​ဟု​ရှဲ​ပေး​သော အ​ကြံ​သည် အ​ဟိ​သော​ဖေ​လ​ပေး​သော အ​ကြံ​ထက် သာ၍​ကောင်း​သည်​ဟု ပြော​ဆို​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​ဗ​ရှ​လုံ၌ ဘေး​ရောက်​စေ​ခြင်း​ငှာ၊ အ​ဟိ​သော​ဖေ​လ​ပေး​သော အ​ကြံ​ကောင်း​ကို ဖျက်​စေ​မည်​အ​ကြောင်း စီ​ရင်​တော်​မူ၏။

ရှင်​ဘု​ရင်​သည် ပြည်​သား​တို့၏​စ​ကား​ကို နား​မ​ထောင်​ရ​သည်​အ​ကြောင်း​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ရှိ​လော​မြို့​သား​အ​ဟိ​ယ​အား​ဖြင့် နေ​ဗတ်၏​သား​ယေ​ရော​ဗောင်​အား မိန့်​တော်​မူ​သော​စ​ကား​ကို ပြည့်​စုံ​စေ​တော်​မူ​မည် အ​ကြောင်း​တည်း။

သင်​တို့​ညီ​အစ်​ကို​ဖြစ်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို စစ်​တိုက်​ခြင်း​ငှာ ချီ၍​မ​သွား​ကြ​နှင့်။ လူ​အ​ပေါင်း​တို့၊ ကိုယ်​နေ​ရာ​သို့ ပြန်​သွား​ကြ​လော့။ ဤ​အ​မှု​သည် ငါ​အ​ခွင့်​ပေး​သော​ကြောင့်​ဖြစ်၏​ဟု မိန့်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို​နား​ထောင်၍ စ​ကား​တော်​အ​တိုင်း ပြန်​သွား​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အာ​ဟပ်​သည် ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​သို့ စစ်​ချီ၍ ဆုံး​စေ​ခြင်း​ငှာ အ​ဘယ်​သူ သွေး​ဆောင်​မည်​နည်း​ဟု မေး​တော်​မူ​လျှင်၊ အ​ခြံ​အ​ရံ​တော်​တို့​သည် တစ်​ယောက်​တစ်​နည်း​စီ ပြန်​လျှောက်​ကြ၏။

ခ​မည်း​တော်​သည် သင်​တို့​အ​ပေါ်​မှာ လေး​သော​ထမ်း​ပိုး​ကို တင်​လေ​ပြီ။ ငါ​သည်​လည်း ထပ်၍​တင်​ဦး​မည်။ ငါ့​ခ​မည်း​တော်​သည် သင်​တို့​ကို ကြိမ်​လုံး​နှင့် ရိုက်​လေ​ပြီ။ ငါ​သည်​လည်း ကင်း​မြီး​ကောက်​နှင့် ရိုက်​ဦး​မည်​ဟု ကြမ်း​တမ်း​စွာ ပြန်​ပြော​တော်​မူ၏။

သင်​တို့​ညီ​အစ်​ကို​တို့​ကို စစ်​တိုက်​ခြင်း​ငှာ ချီ၍​မ​သွား​ကြ​နှင့်။ လူ​အ​ပေါင်း​တို့၊ ကိုယ်​နေ​ရာ​သို့ ပြန်​သွား​ကြ​လော့။ ဤ​အ​မှု​ကို​ငါ​စီ​ရင်​ပြီ​ဟု မိန့်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၏ စ​ကား​တော်​ကို နား​ထောင်၍၊ ယေ​ရော​ဗောင်​ကို စစ်​မ​ချီ၊ ပြန်​သွား​ကြ၏။

ဘု​ရား​သ​ခင် စီ​ရင်​တော်​မူ​သည်​အ​တိုင်း၊ အာ​ခ​ဇိ​သည် ယော​ရံ​ထံ​သို့​ရောက်​သော​အား​ဖြင့်၊ ဆုံး​ရှုံး​လေ​သည် အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊ အာ​ဟပ်​အ​မျိုး​ကို သုတ်​သင်​ပယ်​ရှင်း​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား ဘိ​သိက်​ပေး​တော်​မူ​သော​နိမ်​ရှိ​သား​ယေ​ဟု​ကို ဆီး​ကြို​ခြင်း​ငှာ၊ ယော​ရံ​နှင့် အာ​ခ​ဇိ​တို့​သည် ထွက်​သွား၏။

ရှော​လ​မုန်​ပြု​မူ​သော အ​မှု​အ​ရာ ကြွင်း​လေ​သ​မျှ အ​စ​အ​ဆုံး​တို့​သည်၊ ပ​ရော​ဖက်​နာ​သန်၏​ကျမ်း၊ ရှိ​လော​မြို့​သား အ​ဟိ​ယ၏ အ​နာ​ဂ​တ္တိ​ကျမ်း၊ နေ​ဗတ်​သား ယေ​ရော​ဗောင်​တစ်​ဖက်၌ ပ​ရော​ဖက်​ဣ​ဒ္ဒေါ၏ ဗျာ​ဒိတ်​ကျမ်း၌ ရေး​ထား​လျက်​ရှိ၏။

ထာ​ဝ​ရ​ဘု​ရား​သည် အဲ​ဂု​တ္တု​ပြည်၏​အ​လယ်၌ ယစ်​မူး​သော​သ​ဘော​ကို ပြင်​ဆင်​တော်​မူ​သ​ဖြင့်၊ ယစ်​မူး​သော​သူ​သည် မိ​မိ​အန်​ဖတ်၌ လဲ​သ​ကဲ့​သို့၊ အဲ​ဂု​တ္တု​ပြည်​သား​တို့​သည် ပြု​လေ​သ​မျှ​တို့၌ မှား​ယွင်း​ကြ​ပြီ။

ထို​သူ​တို့​က၊ အင်္ကျီ​ကို​မ​ဆုတ်​ကြ​နှင့်။ အ​ဘယ်​သူ​ယူ​ရ​မည်​ကို စာ​ရေး​တံ​ချ​ကြ​ကုန်​အံ့​ဟု အ​ချင်း​ချင်း ဆို​ကြ၏။ ကျမ်း​စာ​လာ​သည်​ကား၊ သူ​တို့​သည် အ​ကျွန်ုပ်​အ​ဝတ်​ကို အ​ချင်း​ချင်း​ဝေ​ဖန်၍ အ​ကျွန်ုပ်​အင်္ကျီ​ကို စာ​ရေး​တံ​ချ​ကြ​ပါ၏​ဟူ​သော အ​ချက်​စ​ကား​ကို ပြည့်​စုံ​စေ၍၊ စစ်​သူ​ရဲ​တို့​သည် ထို​သို့​ပြု​ကြ၏။

ဘု​ရား​သ​ခင်​ပြ​ဌာန်း​တော်​မူ​သော အ​လို​တော်​အား​ဖြင့်​လည်း​ကောင်း၊ အ​နာ​ဂ​တံ​သ ဉာဏ်​တော်​အား​ဖြင့်​လည်း​ကောင်း၊ အပ်​နှံ​ခြင်း​ကို​ခံ​သော ထို​ယေ​ရှု​ကို သင်​တို့​သည် ဖမ်း​ဆီး၍ မ​တ​ရား​သော​သူ​တို့​လက်​ဖြင့် လက်​ဝါး​ကပ်​တိုင်၌ ရိုက်၍ ကွပ်​မျက်​ကြ​ပြီ။-

ကိုယ်​တော်၏ အ​လို​ရှိ​သည်​အ​တိုင်း၊ ရှေး​မ​ဆွ​က လက်​တော်​ဖြင့် ခွဲ​ခန့်​မှတ်​သား​တော်​မူ​နှင့်​သ​မျှ​တို့​ကို ပြု​ခြင်း​ငှာ ဘိ​သိက်​ပေး​တော်​မူ​သော သား​တော်​မြတ်​ယေ​ရှု​ကို ဤ​မြို့၌​ရန်​ဘက်​ပြု၍ စည်း​ဝေး​ကြ​ပြီ၊ အ​မှန်​ဖြစ်​ပါ၏။-

ကျွန်ုပ်​တို့​လျှောက်​သွား​ရ​သော​အ​ခွင့်​ကို ဟေ​ရှ​ဘုန်​ရှင်​ဘု​ရင် ရှိ​ဟုန်​မင်း​သည် မ​ပေး။ အ​ကြောင်း​မူ​ကား၊ ယ​နေ့​ထင်​ရှား​သည်​အ​တိုင်း၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ထို​မင်း​ကို သင်​တို့​လက်၌​အပ်​ခြင်း​ငှာ၊ ခက်​ထန်​သော စိတ်​သ​ဘော၊ ခိုင်​မာ​သော​နှ​လုံး​ကို သူ၌​ပေး​သွင်း​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ​သော​အား​ဖြင့်၊ ရှံ​ဆုန်​သည် ဖိ​လိ​တ္တိ​လူ​တို့၌ အ​မှု​ရှာ​ကြောင်း​ကို မိ​ဘ​တို့​သည် မ​ရိပ်​မိ​ကြ။ ထို​ကာ​လ၌ ဖိ​လိ​တ္တိ​လူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို အုပ်​စိုး​သ​တည်း။

လူ​ချင်း တစ်​ယောက်​ကို​တစ်​ယောက် ပြစ်​မှား​လျှင်၊ တ​ရား​သူ​ကြီး စစ်​ကြော​စီ​ရင်​ရ၏။ လူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​လျှင်၊ သူ့​အ​တွက် အ​ဘယ်​သူ တောင်း​ပန်​လိမ့်​မည်​နည်း​ဟု ဆုံး​မ​သော်​လည်း၊ သူ​တို့​သည် အ​ဘ၏​စ​ကား​ကို နား​မ​ထောင်​ကြ။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ကွပ်​မျက်​ခြင်း​ငှာ အ​လို​ရှိ​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ