Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 10:14

Judson Bible

ခ​မည်း​တော်​သည် သင်​တို့​အ​ပေါ်​မှာ လေး​သော​ထမ်း​ပိုး​ကို တင်​လေ​ပြီ။ ငါ​သည်​လည်း ထပ်၍​တင်​ဦး​မည်။ ငါ့​ခ​မည်း​တော်​သည် သင်​တို့​ကို ကြိမ်​လုံး​နှင့် ရိုက်​လေ​ပြီ။ ငါ​သည်​လည်း ကင်း​မြီး​ကောက်​နှင့် ရိုက်​ဦး​မည်​ဟု ကြမ်း​တမ်း​စွာ ပြန်​ပြော​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ ရော​ဗောင်​မင်း​ကြီး​သည် အ​သက်​ကြီး​သူ​တို့​ပေး​သော အ​ကြံ​ကို​မ​လိုက်၊ လူ​ပျို​တို့​ပေး​သော အ​ကြံ​ကို​လိုက်​လျက်၊

ရှင်​ဘု​ရင်​သည် ပြည်​သား​တို့​စ​ကား​ကို နား​မ​ထောင်​ရ​သည် အ​ကြောင်း​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ရှိ​လော​မြို့​သား အ​ဟိ​ယ​အား​ဖြင့် နေ​ဗတ်၏​သား​ယေ​ရော​ဗောင်​အား မိန့်​တော်​မူ​သော​စ​ကား​ကို ပြည့်​စုံ​စေ​တော်​မူ​မည် အ​ကြောင်း​တည်း။

ဖြောင့်​မတ်​သော​သူ၏​အ​ကြံ​သည် ဖြောင့်၏။ မ​တ​ရား​သော​သူ​ပေး​သော အ​ကြံ​မူ​ကား မု​သား​ဖြစ်၏။

ရန်​တွေ့​စ​အ​မှု​သည် ရေ​ကန်​ပေါင်​ပေါက်​စ​ကဲ့​သို့ ဖြစ်​သော​ကြောင့်၊ ရန်​မ​တွေ့​မီ တွေ့​စ​ရာ​အ​ကြောင်း​ကို ရှောင်​လော့။

ငယ်​သား​အ​စိုး​ရ၍ မှူး​မတ်​များ​အ​ချိန်​မဲ့ နံ​နက်​စော​စော စား​သောက်​တတ်​သော​ပြည်​သည် အ​မင်္ဂ​လာ​ရှိ၏။

ထို​သူ​သည် ပ​ညာ​ရှိ​မည်​လော၊ မိုက်​မည်​လော​ဟု အ​ဘယ်​သူ​ပြော​နိုင်​သ​နည်း။ ထို​သူ​သည် ငါ​ကြိုး​စား​အား​ထုတ်​သ​မျှ၊ နေ​အောက်​မှာ ငါ့​ပ​ညာ​ကို ထင်​ရှား​ပြ​လေ​သ​မျှ​သော​အ​မှု​တို့​ကို အ​စိုး​ရ​လိမ့်​မည်၊ ထို​အ​မှု​အ​ရာ​သည်​လည်း အ​န​တ္တ​ဖြစ်၏။

အ​မှု၏​အ​ဆုံး​သည် အ​စ​ထက်​သာ၍​ကောင်း၏။ သည်း​ခံ​တတ်​သော​သ​ဘော​ရှိ​သော​သူ​သည် မာ​န​ကြီး​သော​သူ​ထက် သာ၍​ကောင်း၏။

ကိုယ်​တော်​မြတ်​မှ​တစ်​ပါး အ​ခြား​သော လူ​ကို​ဖြစ်​စေ၊ ဘု​ရား​ကို ဖြစ်​စေ၊ အ​ရက်​သုံး​ဆယ်​အ​တွင်း​တွင် ဆု​တောင်း​သော​သူ​မည်​သည်​ကို ခြင်္သေ့​လှောင်​သော​တွင်း​ထဲ​သို့ ချ​ပစ်​ရ​မည်​ဟု မ​ဖောက်​ပြန်​နိုင်​သော အ​မိန့်​တော်​မြတ်​ကို ထုတ်​စေ​ခြင်း​ငှာ နိုင်​ငံ​တော်​ဝန်​ကြီး၊ မြို့​ဝန်၊ စော်​ဘွား၊ တိုင်​ပင်​မှူး​မတ်၊ စစ်​ကဲ​အ​ပေါင်း​တို့​သည် အ​ညီ​အ​ညွတ် တိုင်​ပင်​ကြ​ပါ​ပြီ။

သို့​မ​ဟုတ် သင်​တို့​စိတ်​ထဲ​မှာ ခါး​စွာ​သော ဂုဏ်​ပြိုင်​ခြင်း၊ ရန်​တွေ့​ခြင်း​ရှိ​လျှင်၊ သ​မ္မာ​တ​ရား​ကို မု​သား​ဖြင့်​ဆန်၍ မ​ဝါ​ကြွား​ကြ​နှင့်။-

အ​မြီး​သည် ကင်း​မြီး​ကောက်​နှင့် တူ၏။ အ​မြီး၌​လည်း ဆူး​ရှိ၏။ လူ​တို့​ကို ငါး​လ​ပတ်​လုံး ညှဉ်း​ဆဲ​ရ​သော အ​ခွင့်​တန်​ခိုး​ရှိ၏။-

ကျိုင်း​ကောင်​တို့​သည် မီး​ခိုး​အ​ထဲ​က မြေ​ကြီး​အ​ပေါ်​သို့​ထွက်၍ မြေ​ကင်း​မြီး​ကောက် တန်​ခိုး​ကဲ့​သို့​သော တန်​ခိုး​ကို ရ​ကြ၏။-

တံ​ဆိပ်​ခတ်​ခြင်း​ကို မ​ခံ​သော​သူ​တို့​ကို​ကား သတ်​ရ​သော​အ​ခွင့်​မ​ရှိ။ ငါး​လ​ပတ်​လုံး ပြင်း​စွာ​သော​ဝေ​ဒ​နာ ဖြစ်​စေ​သော​အ​ခွင့် ရှိ၏။ ထို​ကျိုင်း​ကောင် ဖြစ်​စေ​သော ဝေ​ဒ​နာ​သည်​ကား၊ ကင်း​မြီး​ကောက်​သည် လူ​ကို​ထိုး​သော ဝေ​ဒ​နာ​ကဲ့​သို့ ဖြစ်​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ