Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 10:10

Judson Bible

ထို​သူ​ငယ်​ချင်း လု​လင်​တို့​က၊ ခ​မည်း​တော်​သည် ကျွန်​တော်​တို့၌ ထမ်း​ပိုး​ကို​လေး​စေ​ပါ​ပြီ၊ ပေါ့​စေ​တော်​မူ​ပါ​ဟု လျှောက်​သော​ပြည်​သား​တို့​အား ကိုယ်​တော်​က၊ ငါ့​လက်​သန်း​သည် ငါ့​ခ​မည်း​တော်​ခါး​ထက်​သာ၍ ကြီး​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ရော​ဗောင်​ကို ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ခြင်း​ငှာ၊ ရှေ​ခင်​မြို့​သို့​သွား​ကြ၍ သူ​သည်​လည်း​သွား၏။

ငါ့​ခ​မည်း​တော်​သည် သင်​တို့​အ​ပေါ်​မှာ လေး​သော​ထမ်း​ပိုး​တို့​ကို တင်​လေ​ပြီ။ ငါ​သည်​လည်း ထပ်၍​တင်​ဦး​မည်။ ငါ့​ခ​မည်း​တော်​သည် သင်​တို့​ကို ကြိမ်​လုံး​နှင့်​ရိုက်​လေ​ပြီ။ ငါ​သည်​လည်း ကင်း​မြီး​ကောက်​နှင့် ရိုက်​ဦး​မည်​ဟု ပြန်​ပြော​တော်​မူ​ပါ​ဟု လျှောက်​ထား​ကြ၏။

ပြည်​သား​တို့​က ခ​မည်း​တော်​တင်​သော ထမ်း​ပိုး​ကို ပေါ့​စေ​တော်​မူ​ပါ​ဟု လျှောက်​ဆို​ကြ​သည်​ဖြစ်၍၊ သူ​တို့​အား ငါ​ပြန်​ပြော​ရ​မည်​အ​ကြောင်း အ​ဘယ်​သို့ အ​ကြံ​ပေး​ကြ​မည်​နည်း​ဟု မေး​သော်၊

ပ​ညာ​ရှိ​သော​သူ​တို့​သည် ကြား​သိ​သော​အ​ရာ​ကို သိမ်း​ထား​တတ်၏။ မိုက်​သော​သူ၏​နှုတ်​မူ​ကား၊ အ​ကျိုး​နည်း​ခြင်း​နှင့် နီး​စပ်၏။

သ​မ္မာ​သ​တိ​ရှိ​သော​သူ​အ​ပေါင်း​တို့​သည် ပ​ညာ​အ​တတ်​နှင့် ပြု​မူ​တတ်​ကြ၏။ မိုက်​သော​သူ​မူ​ကား၊ မိ​မိ​မိုက်​သော အ​ပြစ်​ကို ထင်​ရှား​စေ​တတ်၏။

ပ​ညာ​ရှိ​သော​သူ​သည် ကြောက်၍ ဒု​စ​ရိုက်​ကို ရှောင်​တတ်၏။ မိုက်​သော​သူ​မူ​ကား မာ​န​ကြီး၍ ရဲ​ရင့်​တတ်၏။

ငါ့​သား၊ ပ​ညာ​တ​ရား​ကို ပယ်​စေ​ခြင်း​ငှာ၊ သွန်​သင်​သော​သူ၏​စ​ကား​ကို နား​မ​ထောင်​နှင့်။

ထာ​ဝ​ရ​ဘု​ရား​တစ်​ဖက်၌ ဉာဏ်​မ​တည်၊ ပ​ညာ​မ​တည်၊ အ​ကြံ​တစ်​စုံ​တစ်​ခု​မျှ မ​တည်​နိုင်။

စိတ်​မြင့်​သော​သူ​သည် ခိုက်​ရန်​ကို​နှိုး​ဆော်​တတ်၏။ ထာ​ဝ​ရ​ဘု​ရား​ကို ခို​လှုံ​သော​သူ​မူ​ကား၊ ကြွယ်​ဝ​တတ်၏။

မိ​မိ​မာ​န​သည် မိ​မိ​ကို နှိမ့်​ချ​လိမ့်​မည်။ စိတ်​နှိမ့်​ချ​သော​သူ​မူ​ကား၊ ဂုဏ်​အ​သ​ရေ​ကို​ရ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ