Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 1:12

Judson Bible

ဉာဏ်​ပ​ညာ​ကို ငါ​ပေး၏။ ထို​မှ​တစ်​ပါး သင့်​ရှေ့​မှာ​ဖြစ်​ဖူး​သော ရှင်​ဘု​ရင်​နှင့် သင့်​နောက်၌ ဖြစ်​လ​တ္တံ့​သော ရှင်​ဘု​ရင်​တစ်​ယောက်​မျှ မ​မီ​နိုင်​မည်​အ​ကြောင်း၊ စည်း​စိမ်​ဥ​စ္စာ၊ ဂုဏ်​အ​သ​ရေ​ကို​လည်း ငါ​ပေး​မည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ရှော​လ​မုန်၏​နှ​လုံး၌ ဘု​ရား​သ​ခင်​သွင်း​ပေး​တော်​မူ​သော ပ​ညာ​ကို မြေ​ကြီး​သား​အ​ပေါင်း​တို့​သည် ကြား​ရ​အံ့​သော​ငှာ၊ မျက်​နှာ​တော်​ကို ဖူး​လာ​ကြ၏။

ဂုဏ်​အ​သ​ရေ​နှင့် စည်း​စိမ်​ဥ​စ္စာ​သည် ကျေး​ဇူး​တော်​ကြောင့်​သာ​ဖြစ်၏။ ကိုယ်​တော်​သည် ခပ်​သိမ်း​သော သူ​တို့​ကို အုပ်​စိုး​တော်​မူ၏။ ခွန်​အား အ​စွမ်း​သ​တ္တိ​ကို ပေး​ပိုင်​တော်​မူ၏။ ခပ်​သိမ်း​သော​သူ​တို့​အား ကြီး​မြတ်​သော​အ​ခွင့်​နှင့် ခိုင်​ခံ့​သော​အ​ခွင့်​ကို ပေး​ပိုင်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​ရှေ့​မှာ ရှော​လ​မုန်​ကို အ​လွန်​ချီး​မြှောက်၍ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​တစ်​ယောက်​မျှ မ​ခံ​စ​ဖူး​သော ဘုန်း​အာ​နု​ဘော်​တော်​ကို ပေး​သ​နား​တော်​မူ၏။

ထို​သို့ ရှော​လ​မုန်​သည် မြေ​ကြီး​ပေါ်​မှာ​ရှိ​သ​မျှ​သော ရှင်​ဘု​ရင်​တို့​ထက် ပ​ညာ​နှင့်​စည်း​စိမ်​အား​ဖြင့် လွန်​ကဲ၏။

ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ရှော​လ​မုန်​သည် ထို​သို့​ပြု၍ ပြစ်​မှား​ရာ​ရောက်​သည် မ​ဟုတ်​လော။ အ​တိုင်း​တိုင်း​အ​ပြည်​ပြည်၌ သူ​နှင့်​တူ​သော​ရှင်​ဘု​ရင် မ​ရှိ။ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ ဘု​ရား​သ​ခင် ခန့်​ထား​သည်​တိုင်​အောင် စိတ်​တော်​နှင့်​တွေ့​သော​သူ ဖြစ်​သော်​လည်း၊ တစ်​ပါး​အ​မျိုး​သား​မိန်း​မ​တို့​သည် ပြစ်​မှား​စေ​သည်​တ​ကား။

ထို​သို့ ငါ့​အ​ရင်၊ ယေ​ရု​ရှ​လင်​မြို့၌ ဖြစ်​ဖူး​သော​သူ​အ​ပေါင်း​တို့​ထက်၊ ငါ​သည် တိုး​ပွား၍ ကြီး​မြင့်​ခြင်း​သို့ ရောက်၏။ ငါ့​ပ​ညာ​လည်း တည်​လျက်​ရှိ၏။

ဘု​ရား​သ​ခင် ပေး​သ​နား​တော်​မူ​သော စည်း​စိမ်​ဥ​စ္စာ​ကို ရ​သော​လူ​တိုင်း မိ​မိ​အ​ဖို့​ကို​ခံ၍ ဝင်​စား​ခြင်း​ငှာ​လည်း​ကောင်း၊ ကြိုး​စား​အား​ထုတ်​ရာ၌ ပျော်​မွေ့​ခြင်း​ငှာ​လည်း​ကောင်း၊ ဘု​ရား​သ​ခင့် ကျေး​ဇူး​တော်​ကြောင့် အ​ခွင့်​ရှိ၏။

ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​နှင့်ဖြောင့်​မတ်​ခြင်း​တ​ရား​တော်​ကို ရှေ့​ဦး​စွာ​ရှာ​ကြ​လော့။ နောက်​မှ ထို​အ​ရာ​များ​ကို ထပ်၍​ပေး​တော်​မူ​လ​တ္တံ့။-

ငါ​တို့၌ ပြု​ပြင်​သော​တန်​ခိုး​တော်​အ​တိုင်း၊ ငါ​တို့ တောင်း​ပန်​ကြံ​စည်​သ​မျှ​ထက် အ​လွန်​ထူး​ခြား​စွာ ပြု​ခြင်း​ငှာ တတ်​နိုင်​တော်​မူ​သော ဘု​ရား​သ​ခင်​သည်၊-

သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ပ​ညာ​ကို​လို​လျှင်၊ ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​ကို ပြု​တော်​မ​မူ​ဘဲ၊ ခပ်​သိမ်း​သော သူ​တို့​အား စေ​တ​နာ​စိတ်​နှင့် ပေး​သ​နား​တော်​မူ​သော ဘု​ရား​သ​ခင်​ကို တောင်း​စေ၊ တောင်း​လျှင် ရ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ