Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ 7:3

Judson Bible

နာ​သန်​က၊ အ​ကြံ​တော်​ရှိ​သ​မျှ​အ​တွင်း ပြု​တော်​မူ​ပါ။ ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​နှင့်​အ​တူ​ရှိ​တော်​မူ​သည်​ဟု ပြန်​လျှောက်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ထို​ည​တွင် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် နာ​သန်​သို့ ရောက်၍၊

ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်၊ ယော​ယ​ဒ​သား ဗေ​နာ​ယ၊ ပ​ရော​ဖက်​နာ​သန်၊ ရှိ​မိ၊ ရေ​ဣ​အ​စ​ရှိ​သော ဒါ​ဝိဒ်၏​မှူး​ကြီး​မတ်​ကြီး​များ​မူ​ကား၊ အ​ဒေါ​နိ​ယ​ဘက်​သို့​မ​ဝင်​ကြ။

ဘု​ရား​သ​ခင်၏​လူ​ရှိ​ရာ တောင်​ပေါ်​သို့ ရောက်​သော​အ​ခါ၊ သူ၏​ခြေ​တို့​ကို ဖက်​လေ၏။ ဂေ​ဟာ​ဇိ​သည် ဆီး​တား​ခြင်း​ငှာ ချဉ်း​လာ​လျှင်၊ ဘု​ရား​သ​ခင်၏​လူ​က သူ့​ကို​မ​ဆီး​တား​နှင့်။ သူ​သည် စိတ်​ညှိုး​ငယ်​ခြင်း​ရှိ၏။ ထို​အ​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​မ​ပြ၊ ဝှက်​ထား​တော်​မူ​ပြီ​ဟု ဆို၏။

ငါ့​သား၊ ငါ၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​အ​ဖို့ အိမ်​တော်​ကို တည်​ဆောက်​မည်​ဟု ငါ​အ​ကြံ​ရှိ​ပြီ။

ထို​အ​ခါ ဒါ​ဝိဒ်​မင်း​ကြီး​သည် ရပ်၍၊ ငါ့​ညီ​အစ်​ကို၊ ငါ့​လူ​တို့ နား​ထောင်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော် ငြိမ်​ဝပ်​ရာ​အိမ်​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏ ခြေ​တော်​တင်​ရာ​ခုံ​ကို တည်​လုပ်​မည်​ဟု ငါ​အ​ကြံ​ရှိ၍ တည်​လုပ်​ခြင်း​ငှာ ပြင်​ဆင်​နှင့်​ပြီ။

ဒါ​ဝိဒ်​မင်း​ကြီး​ပြု​မူ​သော အ​မှု​အ​ရာ အ​စ​အ​ဆုံး​ရှိ​သ​မျှ၊ အ​စိုး​ရ​ခြင်း၊ တန်​ခိုး​ကြီး​ခြင်း​နှင့်​တ​ကွ၊

ဒါ​ဝိဒ်​မင်း​ကြီး​နှင့် သူ၏​ပ​ရော​ဖက်​ဂဒ်၊ ပ​ရော​ဖက်​နာ​သန်​တို့ စီ​ရင်​သည်​အ​တိုင်း ခွက်​ကွင်း၊ စောင်း၊ တ​ယော​နှင့် တီး​မှုတ်​သော​လေ​ဝိ​သား​တို့​ကို၊ ဗိ​မာန်​တော်၌ ခန့်​ထား​တော်​မူ၏။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား​သည် ပ​ရော​ဖက်​တို့​အား​ဖြင့် စီ​ရင်​တော်​မူ​သ​တည်း။

ကိုယ်​တော်၏​စိတ်​အ​လို​ရှိ​သည်​အ​တိုင်း ပေး​သ​နား၍၊ အ​ကြံ​အ​စည်​တော်​ရှိ​သ​မျှ​တို့​ကို ပြည့်​စုံ​စေ​ခြင်း​ငှာ ပြု​တော်​မူ​ပါ​စေ​သော။

ထာ​ဝ​ရ​ဘု​ရား၌ မွေ့​လျော်​ခြင်း​ရှိ​လော့။ သို့​ပြု​လျှင်၊ စိတ်​နှ​လုံး​အ​လို ပြည့်​စုံ​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​မည်။

သို့​သော်​လည်း သန့်​ရှင်း​တော်​မူ​သော​ဘု​ရား၏​လက်​မှ သင်​တို့​ခံ​ရ​သော ဘိ​သိက်​ကျေး​ဇူး​တော်​သည် သင်​တို့၌ ရှိ​သည်​ဖြစ်၍၊ အ​ဘယ်​သူ​မျှ သင်​တို့​ကို ဆုံး​မ​ဩ​ဝါ​ဒ​ပေး​စ​ရာ အ​ကြောင်း​မ​ရှိ။ ထို​ဘိ​သိက် ကျေး​ဇူး​တော်​သည် ဖြစ်​ယောင်​ဆောင်​သည် မ​ဟုတ်၊ အ​မှန်​ဖြစ်​လျက် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို သင်​တို့​အား သွန်​သင်​တော်​မူ​သည်​အ​တိုင်း၊ သင်​တို့​သည် သား​တော်၌ တည်​နေ​ကြ​လော့။-

ဤ​နိ​မိတ်​လ​က္ခ​ဏာ​တို့​သည် သင်၌​ဖြစ်​သော​အ​ခါ၊ အ​ဆင်​သင့်​သည်​အ​တိုင်း ပြု​လော့။ ဘု​ရား​သ​ခင်​သည် သင်​နှင့်​အ​တူ ရှိ​တော်​မူ၏။

လု​လင်​က၊ စိတ်​တော်​ရှိ​သည်​အ​တိုင်း​ပြု​ပါ။ လှည့်​သွား​ပါ။ အ​လို​တော်​ရှိ​သည်​အ​တိုင်း ကျွန်​တော်​လိုက်​ပါ​မည်​ဟု ပြန်​ပြော​သော်၊

ထာ​ဝ​ရ​ဘု​ရား​က၊ သူ၏​မျက်​နှာ၊ သူ၏​အ​ရပ်​ကို မ​ကြည့်​မ​ရှု​နှင့်။ သူ့​ကို ငါ​ပယ်​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် လူ​မြင်​သ​ကဲ့​သို့ မြင်​တော်​မူ​သည်​မ​ဟုတ်။ လူ​သည် အ​ဆင်း​သ​ဏ္ဌာန်​ကို​ကြည့်​ရှု​တတ်၏။ ထာ​ဝ​ရ​ဘု​ရား​မူ​ကား နှ​လုံး​ကို​ကြည့်​ရှု​တတ်​သည်​ဟု ရှ​မွေ​လ​အား​မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ