Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ကော 8:3

Judson Bible

အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် တတ်​နိုင်​သ​မျှ ထက်​မ​က၊ အ​လို​အ​လျောက် စွန့်​ကြဲ​ချင်​သော စေ​တ​နာ​စိတ်​ရှိ​ကြ​သည်​ဟု ငါ​သည်​သက်​သေ​ခံ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

လူ​များ​တို့​သည် စုံ​လင်​သော​နှ​လုံး၊ ကြည်​ညို​သော စိတ်​သ​ဘော​ရှိ၍ ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သော​ကြောင့် ဝမ်း​မြောက်​ကြ၏။ ဒါ​ဝိဒ်​မင်း​ကြီး​သည်​လည်း အ​လွန်​တ​ရာ​ဝမ်း​မြောက်​တော်​မူ၏။

တန်​ခိုး​တော်​ပြ​သော နေ့​ရက်​ကာ​လ၌၊ ကိုယ်​တော်၏​လူ​တို့​သည် သန့်​ရှင်း​သော တန်​ဆာ​ကို​ဆင်​လျက်၊ ကြည်​ညို​သော​စေ​တ​နာ​စိတ်​ရှိ၍၊ လူ​ပျို​တော်​တို့​သည် နံ​နက်​ဝမ်း​ထဲ​က​ထွက်​သော ဆီး​နှင်း​ကဲ့​သို့ ဖြစ်​ကြ​ပါ​လိမ့်​မည်။

ထို​သို့​ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့်​မှာ​ထား​တော်​မူ​သော အ​လုပ်​အ​မျိုး​မျိုး​ရှိ​သ​မျှ​အ​ဖို့၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် ကြည်​ညို​သော စေ​တ​နာ​စိတ်​နှိုး​ဆော်​သော ယောက်ျား​မိန်း​မ​အ​ပေါင်း​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​အား ကြည်​ညို​သော​စိတ်​နှင့် လှူ​ကြ၏။

သင်​တို့​တွင် ထာ​ဝ​ရ​ဘု​ရား​အား လှူ​သော​အ​လှူ​ကို ပြင်​ဆင်​ကြ​လော့။ ကြည်​ညို​သော​စေ​တ​နာ​စိတ် ရှိ​သ​မျှ​သော​သူ​တို့​သည်၊ ရွှေ၊ ငွေ၊ ကြေး​ဝါ၊

ဤ​မိန်း​မ​သည် တတ်​နိုင်​သ​မျှ​ပြု​ပြီ။ ငါ့​အ​လောင်း​ကို သင်္ဂြိုဟ်​မည်​ဟု ပြင်​ဆင်​ခြင်း​ငှာ၊ ငါ့​ကိုယ်​ကို ဆီ​မွှေး​နှင့် လူး​နှင့်​သ​တည်း။-

ထို​အ​ခါ တ​ပည့်​တော်​တို့​သည် အ​သီး​အ​သီး တတ်​နိုင်​ကြ​သည်​အ​တိုင်း၊ ယု​ဒ​ပြည်၌​နေ​သော ညီ​အစ်​ကို​တို့​အား အ​ကူ​အ​မ ပေး​လိုက်​မည်​ဟု၊-

ထို​သူ​တို့​သည် မှန်​သော​ပ​ညာ​မ​ရှိ​သော်​လည်း၊ ဘု​ရား​သ​ခင်​ဘက်၌ စိတ်​အား​ကြီး​သည်​ဟု သူ​တို့​အ​ဖို့ ငါ​သက်​သေ​ခံ၏။-

ငါ​ရောက်​လာ​သော​အ​ခါ လှူ​ဒါန်း၍ စု​ထား​စ​ရာ မ​ရှိ​စေ​ခြင်း​ငှာ၊ ခု​နစ်​ရက်​တွင် ပ​ထ​မ​နေ့​ရက်၌ အ​သီး​အ​သီး ကောင်း​စား​သည်​အ​တိုင်း၊ မိ​မိ​တို့​ဥ​စ္စာ​တစ်​ဖို့​ကို ထုတ်၍ စု​ထား​ကြ​လော့။-

သို့​ဖြစ်၍ အ​မှု​တော်​ကို အ​လို​အ​လျောက် ဆောင်​ရွက်​လျှင် အ​ကျိုး​ရှိ၏။ ကိုယ်​အ​လို​ကို​ငြင်း​ဆန်၍ ဆောင်​ရွက်​လျှင် အ​ရာ​တော်၌ ခန့်​ထား​သော​သူ​ဖြစ်၏။-

သို့​ဖြစ်​လျှင် သင်​တို့​ခံ​ရ​သော​မင်္ဂ​လာ​ကား အ​ဘယ်​မင်္ဂ​လာ​နည်း။ အ​ထက်​က ကိုယ်​မျက်​စိ​ကို​ထုတ်၍ ငါ့​အား ပေး​နိုင်​လျှင်၊ ပေး​ခြင်း​ငှာ သင်​တို့​အ​လို​ရှိ​သည်​ဟု ငါ​သက်​သေ​ခံ၏။-

အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် အ​လို​ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​ကျင့်​ကျင့်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​အ​ထဲ၌ စေ​တ​နာ​တော်​အား​ဖြင့် ပြု​ပြင်​တော်​မူ​သော​သူ​ကား ဘု​ရား​သ​ခင်​ပေ​တည်း။-

သင်​တို့​မှ​စ၍ လော​ဒိ​ကိ​မြို့​နှင့် ဟေ​ရ​ပေါ​လိ​မြို့၌ ရှိ​သော သူ​တို့​အ​ဖို့ သူ​သည် အ​လွန်​စေ​တ​နာ​စိတ် အား​ကြီး​သည်​ဟု ငါ​သည် သူ၏​သက်​သေ​ဖြစ်၏။-

သင်​သည် ငါ၌ ကျေး​ဇူး​ပြု​ရာ​တွင် အ​နိုင်​ပြု​ရ​သ​ကဲ့​သို့​မ​ဟုတ်၊ အ​လို​အ​လျောက်​ပြု​စေ​ချင်​သော စိတ်​ရှိ​သည်​ဖြစ်၍၊ သင်၏​အ​ခွင့် မ​ရှိ​လျှင် အ​လျှင်း​မ​ပြု​လို။-

ဘု​ရား​သ​ခင်​သည် အ​ရာ​ရာ၌ ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘုန်း​တော်​ထင်​ရှား​စေ​မည်​အ​ကြောင်း၊ ဟော​ပြော​သော​သူ​သည် ဘု​ရား​သ​ခင်၏ ဗျာ​ဒိတ်​တော်​နှင့်​အ​ညီ ဟော​ပြော​စေ။ အ​ခြား​သော​အ​မှု​ကို ဆောင်​ရွက်​သော​သူ​သည်၊ ဘု​ရား​သ​ခင်​ပေး​သ​နား​တော်​မူ​သော အ​စွမ်း​သ​တ္တိ​အ​တိုင်း ဆောင်​ရွက်​စေ။ ထို​ဘု​ရား​သ​ခင်​သည် က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​အ​သ​ရေ အ​စွမ်း​သ​တ္တိ ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်။

သင်​တို့​နှင့်​အ​တူ​ရှိ​သော ဘု​ရား​သ​ခင်၏ သိုး​တော်​စု​ကို ထိန်း​ခြင်း​အ​မှု​မှာ၊ အ​နိုင်​ထိန်း​ရ​သော​ကြောင့် မ​ဟုတ်၊ မ​စင်​ကြယ်​သော​စီး​ပွား​ကို တပ်​မက်​သော​ကြောင့် မ​ဟုတ်​ဘဲ၊ အ​လို​လို​စေ​တ​နာ​စိတ်​ရှိ၍ ကြည့်​ရှု​အုပ်​ထိန်း​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ