Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ကော 5:6

Judson Bible

ထို​ကြောင့် ငါ​တို့​သည် ကိုယ်​ခ​န္ဓာ၌ နေ​မြဲ​နေ​စဉ်​ကာ​လ၊ သ​ခင်​ဘု​ရား​နှင့် ကွာ​ဝေး​ရာ​အ​ရပ်၌ နေ​သည်​ကို ငါ​တို့​သည်​သိ​လျက်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

အ​ကျွန်ုပ်​တို့​သည် ဘိုး​ဘေး​များ​ကဲ့​သို့ ရှေ့​တော်၌ ဧည့်​သည် အာ​ဂ​န္တု​ဖြစ်​ပါ၏။ မြေ​ကြီး​ပေါ်​မှာ နေ​ရ​သော​ကာ​လ​သည် အ​ရိပ်​ကဲ့​သို့ ဖြစ်​ပါ၏။ မှီ​ခို​ရာ​မ​ရှိ​ပါ။

အ​ကျွန်ုပ်​သည် မြေ​ကြီး​ပေါ်​မှာ ဧည့်​သည်​ဖြစ်​ပါ၏။ ပ​ညတ်​တော်​တို့​ကို ဝှက်​ထား​တော်​မ​မူ​ပါ​နှင့်။

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ဆု​တောင်း​ခြင်း​ပ​တ္ထ​နာ​ကို ကြား​တော်​မူ​ပါ။ အ​ကျွန်ုပ် အော်​ဟစ်​သော​အ​သံ​ကို နား​ထောင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​မျက်​ရည်​ကို ကြည့်၍ နေ​တော်​မ​မူ​ပါ​နှင့်။ ဘိုး​ဘေး​အ​ပေါင်း​တို့​သည် ဖြစ်​ဖူး​သ​ကဲ့​သို့၊ အ​ကျွန်ုပ်​သည် ရှေ့​တော်၌ ဧည့်​သည်​အာ​ဂ​န္တု​ဖြစ်၏။

ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ခြင်း​သည် အား​ကြီး​သော ကိုး​စား​ရာ​အ​ခွင့်​ကို ဖြစ်​စေ​တတ်၏။ သား​တော်​တို့​သည်​လည်း၊ ခို​လှုံ​ရာ​အ​ရပ်​ကို ရ​ကြ​လိမ့်​မည်။

ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​တော်​မူ​သော​ဘု​ရား၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ပြောင်း​လဲ၍ ငြိမ်​ဝပ်​စွာ​နေ​လျှင်၊ ကယ်​တင်​ခြင်း​သို့​ရောက်​ကြ​လိမ့်​မည်။ ငြိမ်​ဝပ်​စွာ​နေ​ခြင်း၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ခွန်​အား​အ​စွမ်း​ကို ရ​ကြ​လိမ့်​မည်။ သင်​တို့​သည် ထို​သို့​သော အ​လို​မ​ရှိ​ကြ။

ရာ​ဗ​ရှာ​ခ​က၊ မ​ဟာ​အ​ရှင်​မင်း​ကြီး၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်​သည် ဟေ​ဇ​ကိ​ကို​မိန့်​တော်​မူ​သည်​ကား၊ သင်​ခို​လှုံ​သ​ဖြင့် ခို​လှုံ​ရာ​ကား အ​ဘယ်​သို့​နည်း။

ယာ​ယီ​တဲ​ဖြစ်​သော ငါ​တို့​မြေ​အိမ်​သည် ပျက်​လျှင်၊ ကောင်း​ကင်​ဘုံ၌ လူ​လက်​ဖြင့်​မ​လုပ်​ဘဲ၊ ဘု​ရား​သ​ခင် ဖန်​ဆင်း​တော်​မူ​သော နိ​စ္စ​ထာ​ဝ​ရ​အိမ်​ရှိ​ကြောင်း​ကို ငါ​တို့ သိ​ကြ၏။-

ကိုယ်​ခ​န္ဓာ​နှင့် ကွာ​ဝေး​ရာ​အ​ရပ်​သို့ သွား၍၊ သ​ခင်​ဘု​ရား​ထံ​တော်၌ နေ​မြဲ​နေ​ခြင်း​ငှာ အ​လို​ရှိ​လျက်၊ ရဲ​ရင့်​သော​စိတ်​နှင့်​ပြည့်​စုံ​ကြ၏။-

ထို​ကြောင့်၊ ကြီး​စွာ​သော​အ​ကျိုး​နှင့်​ယှဉ်​သော သင်​တို့၏ ရဲ​ရင့်​ခြင်း​စိတ်​ကို မ​စွန့်​ကြ​နှင့်။-

ယ​ခု​ဆို​ခဲ့​ပြီး​သော သူ​အ​ပေါင်း​တို့​သည်၊ က​တိ​တော်​နှင့်​စပ်​ဆိုင်​သော အ​ကျိုး​ကျေး​ဇူး​ကို မ​ခံ​ရ​ဘဲ၊ အ​ဝေး​က​မြော်​မြင်​လျက်၊ စိတ်​နှ​လုံး​နှင့် ဖက်​ယမ်း​လျက်၊ မိ​မိ​တို့​သည် မြေ​ကြီး​ပေါ်​မှာ တစ်​ကျွန်း​သူ​တစ်​နိုင်​ငံ​သား၊ ဧည့်​သည် အာ​ဂ​န္တု​ဖြစ်​သည်​ကို ထင်​ရှား​စွာ​ဝန်​ခံ​လျက်၊ ယုံ​ကြည်​ခြင်း​စိတ်​နှင့် သေ​လွန်​ကြ၏။-

အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် ဤ​ဘ​ဝ၌ အ​မြဲ​တည်​သော​မြို့ မ​ရှိ၊ နောက်​ဖြစ်​လ​တ္တံ့​သော​မြို့​ကို ရှာ​ကြ၏။-

သင်း​အုပ်​အ​ရာ၌​လည်း​ကောင်း၊ ခ​ရစ်​တော်၏ ဆင်း​ရဲ​ဒု​က္ခ​ဝေ​ဒ​နာ​ကို သိ​မြင်​သော သက်​သေ​အ​ရာ၌​လည်း​ကောင်း ခန့်​ထား​သော​သူ၊ ထင်​ရှား​စေ​တော်​မူ​လ​တ္တံ့​သော ဘုန်း​အ​သ​ရေ​တော်​ကို ဆက်​ဆံ​သော​သူ​ဖြစ်​သော ငါ​ပေ​တ​ရု​သည်၊ သင်​တို့​တွင်​ရှိ​သော သင်း​အုပ်​ချင်း​တို့​ကို တောင်း​ပန်​ပါ၏။-

ယေ​ရှု​ခ​ရစ်၏ ဆင်း​ရဲ​ခြင်း​ဒု​က္ခ​မှ​စ၍ နိုင်​ငံ​တော်​ကို​လည်း​ကောင်း၊ သည်း​ခံ​တော်​မူ​ခြင်း​ကို​လည်း​ကောင်း၊ သင်​တို့​နှင့်​အ​တူ ဆက်​ဆံ​သော အ​ဖော်​အ​ဖက်၊ သင်​တို့​အစ်​ကို ငါ​ယော​ဟန်​သည်၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​နှင့် ယေ​ရှု​ခ​ရစ်၏ သက်​သေ​ခံ​တော်​မူ​ချက်​ကြောင့်၊ ပတ်​မု​ကျွန်း​မှာ နေ​ရ​စဉ်​တွင်၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ