ထိုလေဝိအဆွေအမျိုး သူကြီးတို့သည် အစဉ်အဆက် အကြီးအကဲဖြစ်၍ ယေရုရှလင်မြို့၌ နေရာကျကြ၏။
ဤသူတို့သည် ယေရုရှလင်မြို့မှာနေ၍၊ အစဉ်အဆက် အဆွေအမျိုး သူကြီးမင်းဖြစ်ကြ၏။
အဆွေအမျိုးသူကြီး အမျိုးသားချင်းတစ်ထောင်ခုနစ်ရာခြောက်ဆယ် ရှိကြ၏။ ဤသူတို့သည် ဘုရားသခင်၏အိမ်တော်အမှုကို ဆောင်ရွက်ခြင်းငှာ တတ်စွမ်းနိုင်သောသူပေတည်း။
သီချင်းဆိုသောသူ လေဝိအဆွေအမျိုး သူကြီးတို့သည် မိမိတို့အမှုကို နေ့ညမပြတ်စောင့်ရသောကြောင့်၊ အိမ်တော်အခန်း၌နေ၍ အခြားသောအမှုနှင့် လွတ်ကြ၏။
ဂိဗောင်မြို့မှာ ဂိဗောင်အဘယေလနေ၏။ သူ၏မယားကား မာခါအမည်ရှိ၏။