သူ၏ညီအစ်ကိုနှင့် အခြားသော ကောရသိ အဆွေအမျိုးသားတို့သည် ဥပုသ်နေ့၌ ရှေ့တော်မုန့်ကို ပြင်ဆင်ရကြ၏။
ငါ့ရှေ့၊ စားပွဲပေါ်မှာရှေ့တော်မုန့်ကို အစဉ်တင်ရမည်။
ကောဟတ်မှဆင်းသက်သော အာမရံအဆွေအမျိုး၊ ဣဇဟာအဆွေအမျိုး၊ ဟေဗြုန်အဆွေအမျိုး၊ ဩဇေလအဆွေအမျိုးတို့သည်၊ ကောဟတ်အမျိုးအနွယ် ဖြစ်ကြ၏။
ဘုရားသခင်၏ အိမ်တော်သို့ဝင်၍ မိမိမစားအပ်၊ မိမိအဖော်မစားအပ်၊ ယဇ်ပုရောဟိတ်တို့သာ စားအပ်သော ရှေ့တော်မုန့်ကို စားသည်အကြောင်းကို သင်တို့သည် မဖတ်ဖူးသလော။-