Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 9:31

Judson Bible

လေ​ဝိ​သား၊ ကော​ရ​သိ​အ​ဆွေ​အ​မျိုး​ဖြစ်​သော ရှ​လ္လုံ၏​သား​ဦး မ​တ္တိ​သိ​သည် သံ​ပြား​ဖြင့်​ဖုတ်​သော မုန့်​မျိုး​ကို စောင့်​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ကျပ်​ကျပ်​သွေး​ဆောင်​သော​ကြောင့် တစ်​ဖန်​လော​တ​နေ​ရာ​သို့​လှည့်၍၊ သူ၏​အိမ်​သို့​ဝင်​ကြ၏။ လော​တ​လည်း၊ သူ​တို့​အ​ဖို့​ပွဲ​လုပ်၍၊ တ​ဆေး​မ​ပါ​သော​မုန့်​ကို​ပေါင်း​ပြီး​မှ၊ သူ​တို့​သည်​စား​ကြ​၏။

ရှေ့​တော်​မုန့်​ကို​လည်း​ကောင်း၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ မုန့်​ညက်​ကို​လည်း​ကောင်း၊ တ​ဆေး​မဲ့​မုန့်​ပြား၊ သံ​ပြား​နှင့်​ဖုတ်​သော မုန့်၊ မုန့်​ဆီ​ကြော်​ကို​လည်း​ကောင်း​လုပ်၍ ဘု​ရား​သ​ခင်၏​အိမ်​တော်​အ​မှု​ကို​လည်း ဆောင်​ရွက်​ရ​ကြ​မည်။ တိုင်း​ထွာ၊ ချိန်​တွယ်၊ ခြင်​တွက်​ခြင်း အ​မှု​အ​မျိုး​မျိုး​ကို​လည်း စီ​ရင်​ရ​ကြ​မည်။

တံ​ခါး​စောင့်​မူ​ကား ရှ​လ္လုံ၊ အ​က္ကုပ်၊ တာ​လ​မုန်၊ အ​ဟိ​မန်​အ​စ​ရှိ​သော ညီ​အစ်​ကို​တစ်​စု၊

ကော​ရ​သိ အ​ဆွေ​အ​မျိုး၊ ကော​ရ၊ ဧ​ဗျာ​သပ်၊ ကော​ရ​တို့​မှ ဆင်း​သက်​သော ရှ​လ္လုံ​နှင့်​မိ​မိ​ညီ​တို့​သည် အ​မှု​တော်​စောင့်​ရာ​တွင် တဲ​တော်​တံ​ခါး​စောင့် ဖြစ်​ကြ၏။ အ​ဘ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​ဗိုလ်​ခြေ​တပ်​ချ​ရာ​တွင် တဲ​တော်​ဦး​စောင့် ဖြစ်​ကြ၏။

တံ​ခါး​စောင့်​အ​ရာ၌ ခန့်​ထား​သော​သူ​ပေါင်း​ကား နှစ်​ရာ​တစ်​ဆယ်​နှစ်​ယောက်​တည်း။ ထို​သူ​တို့​သည် ဒါ​ဝိဒ်​နှင့် ပ​ရော​ဖက်​ရှ​မွေ​လ​ခန့်​ထား​သော သား​စဉ်​မြေး​ဆက် အ​သီး​အ​သီး​နေ​သော​ရွာ၌ စာ​ရင်း​ဝင်​ကြ၏။

ထို​လေ​ဝိ​သား​တို့​တွင် တံ​ခါး​စောင့်​ကြီး လေး​ယောက်​တို့​သည် အ​ရာ​ကို​ခံ​ရ​သည်​အ​တိုင်း၊ ဘု​ရား​သ​ခင်၏ အိမ်​တော်​အ​ခန်း​များ​နှင့် ဘ​ဏ္ဍာ​တိုက်​များ​ကို စောင့်​ရ​ကြ၏။

သံ​ပြား​ပူ​နှင့်​လုပ်​သော​မုန့်​ကို ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ပြု​လို​လျှင်၊ ဆီ​ရော၍ တ​ဆေး​မ​ပါ​သော​မုန့်​ညက်​နှင့် လုပ်​ရ​မည်။

အိုး​ကင်း​နှင့်​ကြော်​သော​မုန့်​ကို ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ပြု​လို​လျှင်၊ ဆီ​ရော​သော​မုန့်​ညက်​နှင့် လုပ်​ရ​မည်။

ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​တ​ရား​ဟူ​မူ​ကား၊ အာ​ရုန်၏​သား​တို့​သည် ထို​ပူ​ဇော်​သ​ကာ​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၊ ယဇ်​ပ​လ္လင်​ရှေ့​မှာ​ပူ​ဇော်​သော​အ​ခါ၊

ထို​မုန့်​ညက်​ကို​ဆီ​ထည့်၍၊ သံ​ပြား​ပူ​နှင့်​မုန့်​လုပ်​ပြီး​မှ၊ ဆောင်​ခဲ့၍​ချိုး​ဖဲ့​သ​ဖြင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​အ​ကျိုး​အ​ပဲ့​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အား မွှေး​ကြိုင်​စ​ရာ​ဖို့ ပူ​ဇော်​ရ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ