ရွာတို့၌နေသော အပေါင်းအဖော်တို့သည် အလှည့်သင့်သည်အတိုင်း ခုနစ်ရက်၊ ခုနစ်ရက်လာရကြ၏။
ယောယဒကလည်း၊ သင်တို့ပြုရသောအမှုဟူမူကား၊ ဥပုသ်နေ့၌ဝင်သောလူ သုံးစုတစ်စုသည် နန်းတော်တံခါးကို စောင့်ရမည်။
ဥပုသ်နေ့၌ ထွက်သောလူသုံးစုတွင်နှစ်စုသည် ရှင်ဘုရင်ပတ်လည် ဗိမာန်တော်၌စောင့်ရမည်။
ထိုသို့ သူတို့အဘအာရုန်အား ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားမှာထားတော်မူ၍၊ အဘအာရုန်စီရင်သည်အတိုင်း သူတို့သည် ထာဝရဘုရား၏အိမ်တော်ကို ဝင်မြဲဝင်၍ အမှုတော်ကို ဆောင်ရွက်စေခြင်းငှာ ခွဲခန့်ခြင်းရှိသတည်း။
တံခါးစောင့်တို့သည် အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ လေးမျက်နှာ၌ စောင့်နေရကြ၏။
ထိုလေဝိသားတို့တွင် တံခါးစောင့်ကြီး လေးယောက်တို့သည် အရာကိုခံရသည်အတိုင်း၊ ဘုရားသခင်၏ အိမ်တော်အခန်းများနှင့် ဘဏ္ဍာတိုက်များကို စောင့်ရကြ၏။
သင်တို့ပြုရသောအမှုဟူမူကား၊ ဥပုသ်နေ့၌ဝင်သော ယဇ်ပုရောဟိတ် လေဝိသားသုံးစုတစ်စုသည် တံခါးစောင့်လုပ်ရမည်။
ထိုသို့ ယဇ်ပုရောဟိတ်ယောယဒ မှာထားသမျှအတိုင်း၊ လေဝိသားများနှင့် ယုဒအမျိုးသား အပေါင်းတို့သည်ပြု၍၊ ယဇ်ပုရောဟိတ်ယောယဒသည် ဖွဲ့မြဲဖွဲ့သော အသင်းတို့ကို မဖျက်သောကြောင့်၊ ဥပုသ်နေ့၌ ထွက်ရသောသူနှင့် ဝင်ရသောသူ အသီးအသီးတို့ကို ခေါ်ထားကြ၏။