ထိုသူ၏ သားစဉ်မြေးဆက်တို့သည် တဲတော်တည်းဟူသော ထာဝရဘုရား၏အိမ်တော်၌ တံခါးစောင့်အမှုကို ဆောင်ရွက်ရကြ၏။
ပရိသတ်စည်းဝေရာ တဲတော်ကိုလည်းကောင်း၊ သန့်ရှင်းရာဌာနတော်ကိုလည်းကောင်း၊ ထာဝရဘုရားအိမ်တော်၌ အမှုတော်ကို ဆောင်ရွက်သော ညီအစ်ကိုအာရုန်သားတို့ကိုလည်းကောင်း စောင့်ရကြမည်။
ဤရွေ့ကား ဘုရားသခင်၏အိမ်တော်၌ အလှည့်လှည့်စောင့်ခြင်းငှာ သင်းဖွဲ့သော ဝင်းတံခါးဝစောင့်အကြီးအကဲဖြစ်သတည်း။
တံခါးစောင့်အရာ၌ ခန့်ထားသောသူပေါင်းကား နှစ်ရာတစ်ဆယ်နှစ်ယောက်တည်း။ ထိုသူတို့သည် ဒါဝိဒ်နှင့် ပရောဖက်ရှမွေလခန့်ထားသော သားစဉ်မြေးဆက် အသီးအသီးနေသောရွာ၌ စာရင်းဝင်ကြ၏။
တံခါးစောင့်တို့သည် အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ လေးမျက်နှာ၌ စောင့်နေရကြ၏။
မသန့်ရှင်းသောလက္ခဏာ တစ်စုံတစ်ခုရှိသောသူကို မဝင်စေခြင်းငှာ၊ ဗိမာန်တော် တံခါးစောင့်တို့ကိုလည်း ခန့်ထားလေ၏။
သီချင်းသည်နှင့် တံခါးစောင့်တို့သည်လည်း၊ ဒါဝိဒ်နှင့် သားတော် ရှောလမုန်စီရင်သည်အတိုင်း၊ သူတို့ ဘုရားသခင်အမှုနှင့် စင်ကြယ်ခြင်းအမှုကို စောင့်ရှောက်လျက် နေကြ၏။
တောင်ဘက်သို့မျက်နှာပြုသော ဤအခန်းကား၊ အိမ်တော်အမှုကိုဆောင်သော ယဇ်ပုရောဟိတ် နေစရာဖို့၊
အိမ်တော်ကိုစောင့်၍၊ အိမ်တော်၌ ခပ်သိမ်းသောအမှုတို့ကို ဆောင်ရွက်စေခြင်းငှာ ငါခန့်ထားမည်။