Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 9:22

Judson Bible

တံ​ခါး​စောင့်​အ​ရာ၌ ခန့်​ထား​သော​သူ​ပေါင်း​ကား နှစ်​ရာ​တစ်​ဆယ်​နှစ်​ယောက်​တည်း။ ထို​သူ​တို့​သည် ဒါ​ဝိဒ်​နှင့် ပ​ရော​ဖက်​ရှ​မွေ​လ​ခန့်​ထား​သော သား​စဉ်​မြေး​ဆက် အ​သီး​အ​သီး​နေ​သော​ရွာ၌ စာ​ရင်း​ဝင်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​သင်း​ဖွဲ့​ခြင်း၊ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်၌ အ​မှု​တော်​ကို ဆောင်​ရွက်​ခြင်း၊ ဆောင်​ရွက်​စ​ရာ တန်​ဆာ​ရှိ​သ​မျှ​တို့​ကို​လည်း စီ​ရင်​တော်​မူ၏။

သင်း​ဖွဲ့​သော​ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​တို့​သည်​လည်း ဘု​ရား​သ​ခင်၏​အိမ်​တော်​မှု​ကို ဆောင်​ရွက်​ရာ​ဖို့​ရှိ​ကြ၏။ လိ​မ္မာ​သော ဆ​ရာ​သ​မား အ​မျိုး​မျိုး​တို့​သည်​လည်း အ​ရာ​ရာ​တို့​ကို လုပ်​ဆောင်​စေ​ဖို့​ရှိ​ကြ၏။ မင်း​များ​နှင့် ပြည်​သူ​ပြည်​သား​များ အ​ပေါင်း​တို့​သည်​လည်း သင့်​လက်၌​ရှိ​ကြ​သည်​ဟု မိန့်​တော်​မူ၏။

ဒါ​ဝိဒ်​မင်း​ကြီး​ပြု​မူ​သော အ​မှု​အ​ရာ အ​စ​အ​ဆုံး​ရှိ​သ​မျှ၊ အ​စိုး​ရ​ခြင်း၊ တန်​ခိုး​ကြီး​ခြင်း​နှင့်​တ​ကွ၊

ယေ​ဒု​သုံ၊ ဂ​လာ​လ၊ ရှေ​မာ​ယ​တို့​မှ ဆင်း​သက်​သော ဩ​ဗ​ဒိ​တစ်​ပါး၊ နေ​တော​ဖာ​သိ​ရွာ​တို့​တွင် နေ​သော ဧ​လ​ကာ​န​သား အာ​သ၏​သား ဗေ​ရ​ခိ​တစ်​ပါး​တည်း။

ထို​သူ၏ သား​စဉ်​မြေး​ဆက်​တို့​သည် တဲ​တော်​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်၌ တံ​ခါး​စောင့်​အ​မှု​ကို ဆောင်​ရွက်​ရ​ကြ၏။

လေ​ဝိ​သား၊ ကော​ရ​သိ​အ​ဆွေ​အ​မျိုး​ဖြစ်​သော ရှ​လ္လုံ၏​သား​ဦး မ​တ္တိ​သိ​သည် သံ​ပြား​ဖြင့်​ဖုတ်​သော မုန့်​မျိုး​ကို စောင့်​ရ၏။

မ​သန့်​ရှင်း​သော​လ​က္ခ​ဏာ တစ်​စုံ​တစ်​ခု​ရှိ​သော​သူ​ကို မ​ဝင်​စေ​ခြင်း​ငှာ၊ ဗိ​မာန်​တော် တံ​ခါး​စောင့်​တို့​ကို​လည်း ခန့်​ထား​လေ၏။

ကော​ရ​လက်​ထောက်၊ ဧ​ဒင်၊ ဗင်္ယာ​မိန်၊ ယော​ရှု၊ ရှေ​မာ​ယ၊ အာ​မ​ရိ၊ ရှေ​က​နိ​တို့​သည်​လည်း ယဇ်​ပု​ရော​ဟိတ်​နေ​ရာ မြို့​တို့၌ အ​ရာ​ခံ​သည်​အ​တိုင်း၊ သင်း​ဖွဲ့​သော​ညီ​အစ်​ကို အ​ကြီး​အ​ငယ်​တို့​အား ပေး​ဝေ​ရ​ကြ၏။

သ​စ္စာ​စောင့်၍ ကိုယ်​ကို​သန့်​ရှင်း​စေ​သော ထို​သူ​တို့၏ သား​မ​ယား​သူ​ငယ်​မှ​စ၍၊ ပ​ရိ​သတ်​အ​နှံ့​အ​ပြား စာ​ရင်း​ဝင်​သ​မျှ​သော သူ​တို့​အား​လည်း​ကောင်း၊ နေ့​ရက်​အ​စဉ်​အ​တိုင်း ပေး​ဝေ​ရ​ကြ၏။

လေ​ဝိ​သား​အ​သင်း​အ​ပေါင်း အ​ချို့​တို့​သည် ယု​ဒ​ပြည်၊ အ​ချို့​တို့​သည် ဗင်္ယာ​မိန်​ပြည်၌ နေ​ကြ၏။

ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​နှင့် လေ​ဝိ​သား​တို့​သည် အ​မှု​တော်​ကို စောင့်​လျက်​နေ​သော​ကြောင့်၊ ယု​ဒ​အ​မျိုး​သား​တို့​သည် အား​ရ​ဝမ်း​မြောက်​ကြ​သည်​ဖြစ်၍၊ ယဇ်​ပု​ရော​ဟိတ်​နှင့် လေ​ဝိ​သား​ခံ​အပ်​သော ပူ​ဇော်​သ​ကာ၊ အ​ဦး​သီး​သော​အ​သီး၊ ဆယ်​ဖို့​တစ်​ဖို့​ကို မြို့​နယ်​ကျေး​လက်​ထဲ​က သိမ်း​ယူ၍၊ သို​ထား​စ​ရာ ဘ​ဏ္ဍာ​တိုက်​များ​ကို အုပ်​ရ​သော​တိုက်​စိုး​တို့​ကို ခန့်​ထား​ကြ၏။

ရှေး​ကာ​လ၌ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဘု​ရား​သ​ခင်​ကို မေး​မြန်း​ခြင်း​ငှာ​သွား​မည်​ဟု အ​ကြံ​ရှိ​လျှင်၊ မြင်​သော​သူ​ထံ​သို့ သွား​ကြ​စို့​ဟု ဆို​တတ်​ကြ၏။ ပ​ရော​ဖက်​ဟူ၍​ခေါ်​ဝေါ်​သော​သူ​ကို ရှေး​ကာ​လ၌ မြင်​သော​သူ​ဟူ၍ ခေါ်​ဝေါ်​ကြ​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ