မေရှိလမိသား ဇာခရိသည် ပရိသတ်စည်းဝေးရာ တဲတော်တံခါးစောင့်ဖြစ်၏။
အရှေ့မျက်နှာကို ရှေလမိရ၏။ ရှေလမိသားပညာရှိဇာခရိသည် စာရေးတံအားဖြင့် မြောက်မျက်နှာကိုရ၏။
မေရှလေမိ၏သားဦး ဇာခရိ၊ ဒုတိယသား ယေဒျေလ၊ တတိယသား ဇေဗဒိ၊ စတုတ္ထသား ယာသနေလ၊