လေဝိသားမူကား၊ မေရာရိ အမျိုးအနွယ်ဖြစ်သော ဟာရှဘိ၊ အာဇရိကံ၊ ဟာရှုပ်တို့မှဆင်းသက်သော ရှေမာရတစ်ပါး၊
တစ်ကျိပ်ရှစ်ယောက် မြောက်သောသူ ဟာနန်၊ သူနှင့်သူ၏သား ညီပေါင်းကား တစ်ကျိပ်နှစ်ယောက်တည်း။
အသီးအသီးသင်းဖွဲ့သော တံခါးစောင့်များဟူမူကား။ ကောရဟိအမျိုး ဧဗျာသပ်အနွယ်၊ ကောရသား မေရှလေမိ၊
ထိုရှေလောမိတ်နှင့် သူ၏ညီတို့သည် ဒါဝိဒ်မင်းကြီး၊ အဆွေအမျိုးသူကြီး၊ လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ဗိုလ်မင်းပူဇော်သော ဘဏ္ဍာရှိသမျှကို အုပ်ရ၏။
မေရာရိသားကား မဟာလိနှင့် မုရှိတည်းဟူသော လေဝိအဆွေအမျိုးအသီးအသီး ဖြစ်သတည်း။
မေရာရိသားကား မဟာလိ၊ မဟာလိသား လိဗနိ၊ လိဗနိသား ရှိမိ၊ ရှိမိသား ဩဇ၊
မေရာရိသား အဆွေအမျိုးတို့သည် ရုဗင်ခရိုင်၊ ဂဒ်ခရိုင်၊ ဇာဗုလုန်ခရိုင်ထဲက မြို့တစ်ဆယ်နှစ်မြို့တို့ကို ရကြ၏။
အဆွေအမျိုးသူကြီး အမျိုးသားချင်းတစ်ထောင်ခုနစ်ရာခြောက်ဆယ် ရှိကြ၏။ ဤသူတို့သည် ဘုရားသခင်၏အိမ်တော်အမှုကို ဆောင်ရွက်ခြင်းငှာ တတ်စွမ်းနိုင်သောသူပေတည်း။
ဗာကဗက္ကာ၊ ဟေရက်၊ ဂလာလသုံးပါး၊ အာသပ်၊ ဇိခရိ၊ မိက္ခာတို့မှ ဆင်းသက်သော မဿနိတစ်ပါး၊
မိက္ခာ၊ ရေဟုပ်၊ ဟာရှဘိ၊
ဧလျာရှိပ်သား ယောဟနန်လက်ထက်တိုင်အောင် လေဝိသား အဆွေအမျိုး သူကြီးတို့ကို စာရင်းယူ၍ ရာဇဝင်မှတ်စာ၌ သွင်းသတည်း။
လေဝိသားအကြီးအကဲ၊ ဟာရှဘိ၊ ရှေရဘိ၊ ကပ်မျေလသား ယောရှုတို့သည် ညီအစ်ကိုများနှင့် ဝိုင်း၍ ဘုရားသခင်၏လူ ဒါဝိဒ်စီရင်သည်အတိုင်း ဂုဏ်ကျေးဇူးတော်ကို ဖော်ပြချီးမွမ်းခြင်းအမှုကို အလှည့်လှည့် စောင့်ရကြ၏။
ဘိုးဘအဆွေအမျိုးအလိုက် စာရင်းဝင်သော လေဝိ၏သားဟူမူကား၊ ဂေရရှုန်မှဆင်းသက်သော ဂေရရှောနိအဆွေအမျိုး၊ ကောဟတ်မှဆင်းသက်သော ကောဟသိအဆွေအမျိုး၊ မေရာရိမှဆင်းသက်သော မေရောရိတ်အဆွေအမျိုးတည်း။