Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 9:13

Judson Bible

အ​ဆွေ​အ​မျိုး​သူ​ကြီး အ​မျိုး​သား​ချင်း​တစ်​ထောင်​ခု​နစ်​ရာ​ခြောက်​ဆယ် ရှိ​ကြ၏။ ဤ​သူ​တို့​သည် ဘု​ရား​သ​ခင်၏​အိမ်​တော်​အ​မှု​ကို ဆောင်​ရွက်​ခြင်း​ငှာ တတ်​စွမ်း​နိုင်​သော​သူ​ပေ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

ဟေ​ဗြုန်​အ​မျိုး​ဖြစ်​သော သူ​ရဲ​ကြီး​ဟာ​ရှ​ဘိ​နှင့် သူ၏​ညီ တစ်​ထောင်​ခု​နစ်​ရာ​တို့​သည်၊ ယော်​ဒန်​မြစ် အ​နောက်​ဘက်​မှာ​နေ​သော ဣ​သ​ရေ​လ​လူ​တို့​တွင် မင်း​အ​ရာ​ရှိ​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​နှင့် ရှင်​ဘု​ရင်​အ​မှု အ​မျိုး​မျိုး​တို့​ကို စောင့်​ရ​ကြ၏။

ယေ​ရိ​ယ၏​ပေါက်​ဖော်​တည်း​ဟူ​သော သူ​ရဲ​ကြီး၊ အ​ဆွေ​အ​မျိုး​သူ​ကြီး နှစ်​ထောင်​ခု​နစ်​ရာ​တို့​သည် ဒါ​ဝိဒ်​မင်း​ကြီး​ခန့်​ထား​သည်​အ​တိုင်း၊ ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​ကို​အုပ်​စိုး၍ ဘု​ရား​သ​ခင်၏​အ​မှု​တော်​နှင့် ရှင်​ဘု​ရင်​အ​မှု​အ​မျိုး​မျိုး​တို့​ကို စောင့်​ရ​ကြ၏။

သား​ဦး​ရှေ​မာ​ယ၏​သား ဩ​သ​နိ၊ ရေ​ဖေ​လ၊ ဩ​ဗက်၊ ဧ​လာ​ဇာ​ဗဒ်​နှင့် ခွန်​အား​ကြီး​သော​ညီ ဧ​လိ​ဟု၊ သေ​မ​ခိ​တို့​သည် ခွန်​အား​ကြီး​သား​သူ​ရဲ၊ မိ​မိ​တို့​အ​ဆွေ​အ​မျိုး၌ အ​စိုး​ရ​သော​သူ​ဖြစ်​ကြ၏။

မာ​လ​ခိ၊ ပါ​ရှု​ရ၊ ယေ​ရော​ဟံ​တို့​မှ ဆင်း​သက်​သော အ​ဒါ​ယ​နှင့် ဣ​မေ​ရ၊ မေ​ရှိ​လ​မုတ်၊ မေ​ရှု​လံ၊ ယာ​ဇေ​ရ၊ အ​ဒေ​လ​တို့​မှ ဆင်း​သက်​သော​မာ​ရှဲ အ​စ​ရှိ​သော၊

လေ​ဝိ​သား​မူ​ကား၊ မေ​ရာ​ရိ အ​မျိုး​အ​နွယ်​ဖြစ်​သော ဟာ​ရှ​ဘိ၊ အာ​ဇ​ရိ​ကံ၊ ဟာ​ရှုပ်​တို့​မှ​ဆင်း​သက်​သော ရှေ​မာ​ရ​တစ်​ပါး၊

ခွန်​အား​ကြီး​သော​သူ​ရဲ အ​မျိုး​သား​ချင်း တစ်​ရာ​နှစ်​ဆယ်​ရှစ်​ယောက်​တည်း။ ဟ​ဂ​ဒေါ​လိမ်​သား ဇာ​ဗ​ဒေ​လ​သည် သူ​တို့​ကို​အုပ်​ရ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ