Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 9:1

Judson Bible

အ​ထက်​ဆို​ခဲ့​ပြီး​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် သား​စဉ်​မြေး​ဆက် စာ​ရင်း​ဝင်၍၊ ကိုယ်​အ​ပြစ်​ကြောင့် ဗာ​ဗု​လုန်​မြို့​သို့​သိမ်း​သွား​ခြင်း​ကို ခံ​ရ​နှင့်​သော ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​နှင့် ယု​ဒ​ရှင်​ဘု​ရင်​မှတ်​စာ၌ ပါ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

ယေ​ရော​ဗောင်​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​သ​မျှ၊ စစ်​တိုက်​ခြင်း​အ​မှု၊ မင်း​ပြု​ခြင်း​အ​မှု​တို့​သည် ဣ​သ​ရေ​လ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။

ယေ​ရု​ရှ​လင်​မြို့​သား​မှူး​မတ်၊ ခွန်​အား​ကြီး​သော စစ်​သူ​ရဲ​တစ်​သောင်း၊ အ​ထူး​ထူး​အ​ပြား​ပြား​သော ဆ​ရာ​သ​မား​အ​ပေါင်း​တို့​ကို​သိမ်း​သွား၍၊ သာ​မ​ည​ဆင်း​ရဲ​သား​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ မ​ကျန်​ကြွင်း​ရ။

ယေ​ခေါ​နိ​နှင့် မယ်​တော်​အ​စ​ရှိ​သော မိ​ဖု​ရား​များ၊ အ​ရာ​ရှိ​များ၊ အား​ကြီး​သော ပြည်​သား​များ​အ​ပေါင်း၊

စစ်​တိုက်​ခြင်း​ငှာ တတ်​စွမ်း​နိုင်​သော​သူ​ရှိ​သ​မျှ၊ ခွန်​အား​ကြီး​သော လူ​ခု​နစ်​ထောင်၊ အ​ထူး​ထူး​အ​ပြား​အ​ပြား​သော ဆ​ရာ​သ​မား​တစ်​ထောင်​တို့​ကို ယေ​ရု​ရှ​လင်​မြို့​မှ ဗာ​ဗု​လုန်​မြို့​သို့ လက်​ရ​သိမ်း​သွား​လေ၏။

ဥ​လံ​သား​တို့​သည် ခွန်​အား​ကြီး​သော လေး​သူ​ရဲ​ဖြစ်​ကြ၏။ သား​မြေး​များ၍ ပေါင်း​တစ်​ရာ​ငါး​ဆယ်​ရှိ​ကြ၏။ ဤ​ရွေ့​ကား၊ ဗင်္ယာ​မိန်​သား​စဉ်​မြေး​ဆက် ဖြစ်​သ​တည်း။

အာ​ရှု​ရိ​ရှင်​ဘု​ရင်၏ ဗိုလ်​မင်း​များ​ကို စစ်​ချီ​စေ​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် မ​နာ​ရှေ​ကို ဆူး​တော၌​ဖမ်း​မိ၍၊ သံ​ကြိုး​နှင့် ချည်​နှောင်​ပြီး​မှ၊ ဗာ​ဗု​လုန်​မြို့​သို့ ဆောင်​သွား​ကြ၏။

ဗာ​ဗု​လုန် ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည်၊

ထို​မှ​တစ်​ပါး၊ ဣ​သ​ရေ​လ​အ​မျိုး မှန်​သည်၊ မ​မှန်​သည်​ကို​လည်း​ကောင်း၊ မိ​မိ​တို့ အ​ဆွေ​အ​မျိုး​ကို​လည်း​ကောင်း၊ မ​ပြ​နိုင်​ဘဲ တေ​လ​မေ​လ​မြို့၊ တေ​လ​ဟာ​ရ​ရှ​မြို့၊ ခေ​ရုပ်​မြို့၊ အ​ဒ္ဒန်​မြို့၊ ဣ​မေ​ရ​မြို့​မှ ထွက်​သွား​သော​သူ​ဟူ​မူ​ကား၊

ထို​အ​ခါ လူ​များ​တို့​တွင် မင်း​လုပ်​သော​သူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့၌ နေ​ကြ၏။ ကြွင်း​သော​သူ​တို့​သည် သန့်​ရှင်း​သော​အ​ရပ်၊ ယေ​ရု​ရှ​လင်​မြို့၌ တစ်​ကျိပ်​တွင်​တစ်​ယောက်၊ အ​ခြား​သော​မြို့​တို့၌ ကိုး​ယောက် နေ​ရ​မည်​အ​ကြောင်း စာ​ရေး​တံ​ပြု​ကြ၏။

ထို​အ​ခါ​မှူး​မတ်၊ မင်း​အ​ရာ​ရှိ၊ ဆင်း​ရဲ​သား​တို့​ကို အ​ဆွေ​အ​မျိုး​အ​လိုက် စာ​ရင်း​ယူ​ခြင်း​ငှာ စု​ဝေး​စေ​မည်​အ​ကြံ​ကို ငါ၏​ဘု​ရား​သ​ခင်​သည် ငါ့​စိတ်​နှ​လုံး​ထဲ​သို့ သွင်း​ပေး​တော်​မူ၏။

စာ​ရင်း​ဝင်​သော​လူ​စု​တွင် မိ​မိ​တို့​စာ​ရင်း​ကို​ရှာ၍ မ​တွေ့​သော​ကြောင့်၊ အ​မျိုး​မ​စစ်၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို မ​ခံ​ရ​ကြ။

တန်​ခိုး​ကြီး​သော​သူ၊ စစ်​တိုက်​သော​သူ၊ တ​ရား​သူ​ကြီး၊ ပ​ရော​ဖက်၊ ဗေ​ဒင်​တတ်၊ အ​သက်​ကြီး​သူ၊

တောင်​ဘက်​မြို့​တို့​ကို ပိတ်​ထား၍ အ​ဘယ်​သူ​မျှ မ​ဖွင့်​ရ။ ယု​ဒ​ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​ကို သိမ်း​သွား​ကြ​ပြီ။ အ​ကုန်​အ​စင် သိမ်း​သွား​ကြ​ပြီ။

ထို​အ​ခါ ကိုယ်​ရံ​တော်​မှူး နေ​ဗု​ဇာ​ရ​ဒန်​သည် မြို့​ထဲ​မှာ​ကျန်​ကြွင်း​သော​သူ၊ ခါ​လ​ဒဲ​လူ​ဘက်​သို့ ကူး​သွား​နှင့်​သော​သူ၊ ကျန်​ကြွင်း​သ​မျှ​သော သူ​တို့​ကို ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား​လေ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​ရှင်​ဘု​ရင် ယော​ယ​ကိမ်​မှ​စ၍ ဗိ​မာန်​တော်​တန်​ဆာ​အ​ချို့​တို့​ကို နေ​ဗု​ခဒ်​နေ​ဇာ​လက်​သို့ အပ်​နှံ​တော်​မူ၍၊ ထို​တန်​ဆာ​များ​ကို နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သည် ရှိ​နာ​ပြည်၌​ရှိ​သော မိ​မိ​ဘု​ရား၏​ကျောင်း​သို့ ယူ​သွား​ပြီး​လျှင်၊ ရွှေ​တိုက်၌ သွင်း​ထား​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ