ဥလံသားတို့သည် ခွန်အားကြီးသော လေးသူရဲဖြစ်ကြ၏။ သားမြေးများ၍ ပေါင်းတစ်ရာငါးဆယ်ရှိကြ၏။ ဤရွေ့ကား၊ ဗင်္ယာမိန်သားစဉ်မြေးဆက် ဖြစ်သတည်း။
အာဇေလညီ ဧရှက်သားဦးကား ဥလံ၊ ဒုတိယသား ယေဟုတ်၊ တတိယသား ဧလိဖလက်တည်း။
အထက်ဆိုခဲ့ပြီးသည်အတိုင်း၊ ဣသရေလအမျိုးသားအပေါင်းတို့သည် သားစဉ်မြေးဆက် စာရင်းဝင်၍၊ ကိုယ်အပြစ်ကြောင့် ဗာဗုလုန်မြို့သို့သိမ်းသွားခြင်းကို ခံရနှင့်သော ဣသရေလရှင်ဘုရင်နှင့် ယုဒရှင်ဘုရင်မှတ်စာ၌ ပါသတည်း။
အာသမင်း၌ ကိဒုန်နှင့်လှံကိုကိုင်သော ယုဒအမျိုးသူရဲ သုံးသိန်း၊ ဒိုင်းလွှားနှင့်လေးကိုကိုင်သော ဗင်္ယာမိန်အမျိုးသူရဲ နှစ်သိန်းရှစ်သောင်းရှိ၍၊ ထိုသူအပေါင်းတို့သည် ခွန်အားကြီးသော စစ်သူရဲဖြစ်ကြ၏။