နေရသားကား ကိရှ၊ ကိရှသား ရှောလု၊ ရှောလုသား ယောနသန်၊ မေလခိရွှ၊ အဘိနာဒပ်၊ ဣရှဗာလတည်း။
သို့ရာတွင် ရှောလု၏ဗိုလ်ချုပ်မင်းနေရသား အာဗနာသည်၊ ရှောလုသား ဣရှဗောရှက်ကိုယူ၍ မဟာနိမ်မြို့သို့ ဆောင်သွားပြီးလျှင်၊
လုလင်တို့ကို မိန့်တော်မူ၍ ထိုသူနှစ်ယောက်ကို သတ်ကြ၏။ လက်ခြေတို့ကိုဖြတ်၍ ဟေဗြုန်ရေကန်အနားမှာ ဆွဲထားကြ၏။ ဣရှဗောရှက်၏ဦးခေါင်းကိုကားယူ၍ ဟေဗြုန်မြို့တွင် အာဗနာသင်္ချိုင်း၌ သင်္ဂြိုဟ်ကြ၏။
မိကလုတ်သားကား ရှိမံတည်း။ ဤသူတို့သည် ယေရုရှင်လင်မြို့မှာ ညီအစ်ကိုစုအနား၊ တစ်ဖက်တစ်ချက်၌ နေရာကျကြ၏။
ယောနသန်သားကား မေရိဗ္ဗာလ၊ မေရိဗ္ဗာလသား မိက္ခာ၊
နောက်တစ်ဖန် ရှင်ဘုရင်ကို တောင်းကြသောအခါ ရှောလုအမည်ရှိသော ကိရှ၏သား၊ ဗင်္ယာမိန် အမျိုးဖြစ်သောသူကို အနှစ်လေးဆယ်ပတ်လုံး ပေးတော်မူ၏။-
ဖိလိတ္တိလူတို့သည် ရှောလုမင်းနှင့် သူ၏သားတို့ကိုပြင်းထန်စွာလိုက်၍၊ ရှောလု၏သားယောနသန်၊ အဘိနဒပ်၊ မေလခိရွှတို့ကို သတ်ကြ၏။
ဗင်္ယာမိန်အမျိုးသား အာဖိ၊ ဗေခေါရတ်၊ ဇေရော်၊ အဗျေလမှ ဆင်းသက်၍ ကိရှအမည်ရှိသော ဗင်္ယာမိန်အမျိုးသားတစ်ယောက် ရှိ၏။ သူသည်အလွန် ခွန်အားကြီးသောသူ ဖြစ်၏။
ထိုသူ၌ ရှောလုအမည်ရှိသောသားတစ်ယောက်ရှိ၏။ ထိုသားသည် အဆင်းလှ၍ ထူးဆန်းသော သူဖြစ်၏။ ဣသရေလအမျိုးသားတို့တွင် ထိုသူထက်သာ၍ အဆင်းလှသောသူ တစ်ယောက်မျှမရှိ။ သူသည် အခြားသောသူထက် ပခုံးအထက်မှာ အရပ်သာ၍မြင့်၏။