Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 7:29

Judson Bible

မ​နာ​ရှေ​အ​မျိုး​သား နေ​ရာ​အ​နား​မှာ ဗက်​ရှန်​မြို့​နှင့် ကျေး​လက်၊ တာ​နက်​မြို့​နှင့် ကျေး​လက်၊ မေ​ဂိ​ဒ္ဒေါ​မြို့​နှင့် ကျေး​လက်၊ ဒေါ​ရ​မြို့​နှင့် ကျေး​လက်​တည်း။ ဤ​မြို့​ရွာ​တို့၌ ဣ​သ​ရေ​လ၏​သား​ဖြစ်​သော ယော​သပ်၏​သား​တို့​သည် နေ​ရာ​ကျ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

တာ​နက်​မြို့၊ မေ​ဂိ​ဒ္ဒေါ​မြို့​နှင့် တ​ကွ​ဗက်​ရှန်​မြို့​မှ အာ​ဗေ​လ​မ​ဟော​လ​မြို့​တိုင်​အောင်​မ​က၊ ယုတ်​နန်​မြို့​အ​လွန်၊ ယေ​ဇ​ရေ​လ​မြို့ အောက်​ဇာ​တ​န​မြို့​နှင့် နီး​စပ်​သော ဗက်​ရှန်​မြို့​နယ်​လုံး​ကို​စီ​ရင်​သော အ​ဟိ​လုပ်၏​သား​ဗာ​န၊

ရှော​လ​မုန်​မင်း​ကြီး​သည် ငွေ​ခွဲ​ရ​သော​အ​ကြောင်း​ဟူ​မူ​ကား၊ ဗိ​မာန်​တော်၊ နန်း​တော်၊ မိ​လ္လော​မြို့၊ ယေ​ရု​ရှ​လင်​မြို့​ရိုး၊ ဟာ​ဇော်​မြို့၊ မေ​ဂိ​ဒ္ဒေါ​မြို့ ဂေ​ဇာ​မြို့​တို့​ကို တည်​ဆောက်​ခြင်း​ငှာ ငွေ​ခွဲ​ရ​သ​တည်း။

ထို​မင်း​လက်​ထက်၌ အဲ​ဂု​တ္တု ဖာ​ရော​ဘု​ရင်​နေ​ခေါ​သည် ဥ​ဖ​ရတ်​မြစ်​တိုင်​အောင် အာ​ရှု​ရိ​ရှင်​ဘု​ရင်​ကို စစ်​ချီ၍၊ ယော​ရှိ​မင်း​ကြီး​သည် ဆီး​တား​ခြင်း​ငှာ ထွက်​ရာ​တွင်၊ မေ​ဂိ​ဒ္ဒေါ​မြို့​မှာ မင်း​ချင်း​တွေ့​သော​အ​ခါ၊ ယော​ရှိ​မင်း​သည် အ​သက်​ဆုံး​လေ၏။

ထို​အ​မှု​ကို ယု​ဒ​ရှင်​ဘု​ရင်​အာ​ခ​ဇိ​သည်​မြင်​လျှင်၊ ဥ​ယျာဉ်​စံ​နန်း​လမ်း​ဖြင့် ပြေး၏။ ယေ​ဟု​က​လည်း၊ သူ့​ကို ရ​ထား​ပေါ်​မှာ​ထိုး​တော့​ဟု လိုက်​လျက်​ဆို​သည်​အ​တိုင်း၊ ဣ​ဗ​လံ​မြို့​နား၊ ဂု​ရ​မြို့​သို့​သွား​သော​လမ်း​တွင် ပြု​ကြ​သ​ဖြင့်၊ သူ​သည် မေ​ဂိ​ဒ္ဒေါ​မြို့​သို့​ပြေး၍ သေ၏။

သို့​ရာ​တွင် ယော​ရှိ​သည် မ​လွှဲ​မ​ရှောင်၊ နေ​ခေါ​ဆင့်​ဆို​သော ဘု​ရား​သ​ခင်၏​အ​မိန့်​တော်​ကို နား​မ​ထောင်၊ စစ်​တိုက်​ခြင်း​ငှာ ခြား​နား​သော​အ​ယောင်​ကို ဆောင်​လျက်၊ မေ​ဂိ​ဒ္ဒေါ​ချိုင့်၌ စစ်​ပွဲ​ထဲ​သို့ ဝင်​လေ၏။

မေ​ဂိ​ဒ္ဒေါ​ချိုင့်​တွင် ဟာ​ဒ​ဒြိ​မ္မုန်​မြို့​မှာ ငို​ကြွေး​မြည်​တမ်း​သ​ကဲ့​သို့၊ ထို​ကာ​လ၌ ယေ​ရု​ရှ​လင်​မြို့​မှာ ကြီး​စွာ​သော ငို​ကြွေး​မြည်​တမ်း​ခြင်း ရှိ​လိမ့်​မည်။

အ​သံ​တော်​ကား၊ သူ​ခိုး​ကဲ့​သို့ ငါ​လာ၏။ အ​ဝတ်​အ​ချည်း​စည်း​နှင့် သွား​လာ၍ သူ​တစ်​ပါး​ရှေ့၌ ရှက်​စ​ရာ​အ​ကြောင်း မ​ရှိ​စေ​ခြင်း​ငှာ နိုး​လျက်​နေ၍၊ ကိုယ်​အ​ဝတ်​ကို စောင့်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။

ရှင်​ဘု​ရင်​တို့​သည် လာ၍ စစ်​တိုက်​ကြ၏။ ခါ​န​နိ​ရှင်​ဘု​ရင်​တို့​သည် မေ​ဂိ​ဒ္ဒေါ​အိုင်၊ တာ​နက်​မြို့​အ​နား​မှာ တိုက်​သော်​လည်း၊ ငွေ​ကို လု​ယူ၍​မ​ရ​ကြ။

လက်​နက်​တော်​ကို​လည်း အာ​ရှ​တ​ရက်​ကျောင်း၌​ထား၍ အ​လောင်း​တော်​ကို ဗက်​ရှန်​မြို့​ရိုး၌ ဆွဲ​ထား​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ