မာခိရမယားမာခါသည် သားကိုဖွားမြင်၍၊ ပေရက်အမည်ဖြင့် မှည့်၏။ သူ၏ညီကား ရှေရက်အမည်ရှိ၏။ သူ၏သားကား ဥလံနှင့် ရေကင်တည်း။
ရုမာအမည်ရှိသော နာခေါ်၏မယားငယ်သည်လည်း တေဘ၊ ဂါဟံ၊ သဟာရှ၊ မာခါတို့ကို ဖွားမြင်လေ၏။
မာခိရသည် မာခါအမည်ရှိသောဟုပိမ်နှင့် ရှုပိ၏နှမနှင့် စုံဖက်၍၊ နှစ်ဆက်မြောက်သောသားကား ဇလောဖတ်အမည် ရှိ၏။ ဇလောဖတ်၌ သမီးသက်သက်ရှိ၏။
ဥလံသားကား ဗေဒန်တည်း။ ဤရွေ့ကား မနာရှေသား မာခိရ၏သား ဂိလဒ်အမျိုးအနွယ်တည်း။