ထိုမှတစ်ပါး၊ ဂေဇာမြို့နှင့် မြို့နယ်၊ ယောကမံမြို့နှင့် မြို့နယ်၊ ဗက်ဟောရုန်မြို့နှင့် မြို့နယ်တို့ကိုလည်းကောင်း၊
တာနက်မြို့၊ မေဂိဒ္ဒေါမြို့နှင့် တကွဗက်ရှန်မြို့မှ အာဗေလမဟောလမြို့တိုင်အောင်မက၊ ယုတ်နန်မြို့အလွန်၊ ယေဇရေလမြို့ အောက်ဇာတနမြို့နှင့် နီးစပ်သော ဗက်ရှန်မြို့နယ်လုံးကိုစီရင်သော အဟိလုပ်၏သားဗာန၊
ပြေး၍ခိုနေရာ ဧဖရိမ်တောင်ပေါ်မှာ ရှေခင်မြို့ကို မြို့နယ်နှင့်တကွ ပေးကြ၏။
ဒန်ခရိုင်ထဲက ဧလတေကမြို့နှင့် မြို့နယ်၊ ဂိဗ္ဗသုန်မြို့နှင့် မြို့နယ်၊ အာဇလုန်မြို့နှင့် မြို့နယ်၊ ဂါသရိမ္မုန်မြို့နှင့် မြို့နယ်တို့ကိုလည်းကောင်း၊
ထာဝရဘုရားသည် သူတို့ကို ဣသရေလအမျိုးသားရှေ့မှာရှုံးစေ၍၊ ဂိဗောင်မြို့အနားမှာ ကြီးစွာသောလုပ်ကြံခြင်းအားဖြင့်သတ်၍၊ ဗေသောရုံမြို့သို့သွားသောလမ်း၌ လိုက်လျက်၊ အဇေကာမြို့၊ မက္ကဒါမြို့တိုင်အောင် လုပ်ကြံတော်မူ၏။
ထိုသူတို့သည် ဣသရေလလူတို့ရှေ့မှာပြေး၍ ဗေသောရုန်မြို့သို့ ဆင်းသွားရာတွင်၊ ထာဝရဘုရားသည် မိုးကောင်းကင်မှ ကြီးစွာသော မိုးသီးကို အဇေကာမြို့တိုင်အောင် သူတို့အပေါ်၌ ချတော်မူ၍၊ သူတို့သည် ဣသရေလလူတို့၏ ဓားကြောင့်သေသည်ထက် မိုးသီးကြောင့် သာ၍သေကြ၏။
ဧဖရိမ်အမျိုးသားတို့သည် အဆွေအမျိုးအလိုက်နေသော မြေအပိုင်းအခြားသည်၊ အရှေ့ဘက်၌ အတရုတ်အဒ္ဒါမြို့မှ အထက်ဗက်ဟောရုန်မြို့သို့ လိုက်၍၊
ထိုမှတစ်ပါး ဂေဇာမြို့နှင့် မြို့နယ်၊ ကိဗဇိမ်မြို့နှင့် မြို့နယ်၊ ဗေသောရုန်မြို့နှင့် မြို့နယ်တည်းဟူသော လေးမြို့တို့ကိုလည်းကောင်း၊
တစ်တပ်သည် ဗေသောရုန်မြို့လမ်းသို့ လိုက်၏။ တစ်တပ်သည် တောဘက်မှာ ဇေဘိုင်ချိုင့်ကို မျက်နှာပြုသော ပြည်စွန်းလမ်းသို့လိုက်၏။