Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 6:60

Judson Bible

ဗင်္ယာ​မိန်​ခ​ရိုင်​ထဲ​က ဂိ​ဗောင်​မြို့​နှင့် မြို့​နယ်၊ ဂေ​ဗ​မြို့​နှင့် မြို့​နယ်၊ အာ​လ​မက်​မြို့​နှင့် မြို့​နယ်၊ အာ​န​သုတ်​မြို့​နှင့် မြို့​နယ်​တို့​ကို​လည်း​ကောင်း၊ အာ​ရုန်၏​သား​မြေး​တို့​သည် အ​ဆွေ​အ​မျိုး​အ​လိုက်​ရ၍၊ မြို့​ပေါင်း​ကား တစ်​ဆယ်​သုံး​မြို့​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ယဇ်​ပု​ရော​ဟိတ်​အ​ဗျာ​သာ​ကို​လည်း ရှင်​ဘု​ရင်​ခေါ်၍၊ သင်​သည် အာ​န​သုတ်​မြို့၊ သင်​ပိုင်​သော​မြေ​သို့ သွား​လော့။ သင်​သည် အ​သေ​ခံ​ထိုက်​သော်​လည်း ယ​ခု​ငါ​မ​စီ​ရင်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​ကို ငါ့​ခ​မည်း​တော်​ဒါ​ဝိဒ်​ရှေ့​မှာ ထမ်း​လေ​ပြီ။ ငါ့​ခ​မည်း​တော်​ဆင်း​ရဲ​ခံ​လေ​ရာ​ရာ၌ သင်​သည် ဆင်း​ရဲ​ခံ​လေ​ပြီ​ဟု မိန့်​တော်​မူ၏။

အ​ဣ​န​မြို့​နှင့် မြို့​နယ်၊ ယု​တ္တ​မြို့​နှင့် မြို့​နယ်၊ ဗက်​ရှေ​မက်​မြို့​နှင့် မြို့​နယ်​တို့​ကို​လည်း​ကောင်း၊

ကြွင်း​သော​ကော​ဟတ်​သား အ​ဆွေ​အ​မျိုး​တို့​သည် စာ​ရေး​တံ​အား​ဖြင့်၊ မ​နာ​ရှေ​ခ​ရိုင်​ဝက်​ထဲ​က မြို့​ဆယ်​မြို့​တို့​ကို ရ​ကြ၏။

မာ​န​ဟက်​မြို့​သို့ နေ​ရာ​ပြောင်း​သော ဂေ​ဗ​မြို့​သား အ​ဆွေ​အ​မျိုး​သူ​ကြီး​ဖြစ်​သော ဧ​ဟုဒ်​သား​ကား၊ နေ​မန်၊ အ​ဟိ​ယ၊ ဂေ​ရ​တည်း။

ယေ​ရု​ရှ​လင်​မြို့ ပတ်​ဝန်း​ကျင်​ရွာ​တို့၌ နေ​ရာ​ကျ​လျက်​ရှိ၍၊ ယေ​ရု​ရှ​လင်​မြို့ ပတ်​ဝန်း​ကျင်၊ လွင်​ပြင်​အ​ရပ်​များ၊ နေ​တော​ဖာ​သိ​ရွာ​များ၊ ဂိ​လ​ဂါ​လ​မြို့​နယ်၊ ဂေ​ဗ​နှင့်​အာ​ဇ​မာ​ဝက် ကျေး​လက်​ထဲ​က​လာ၍ စည်း​ဝေး​ကြ၏။

အို ဂ​လ္လိမ်​မြို့​သ​မီး၊ ကြွေး​ကြော်​လော့။ အို လဲ​ရှ​မြို့၊ နား​ထောင်​လော့။ အာ​န​သုတ်​မြို့​သည် အ​မင်္ဂ​လာ​ရှိ၏။

ယု​ဒ​ရှင်​ဘု​ရင် အာ​မုန်​သား​ယော​ရှိ​မင်း နန်း​စံ​ဆယ်​သုံး​နှစ်​တွင်​လည်း​ကောင်း၊ ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှိ​သား ယော​ယ​ကိမ် လက်​ထက်၌​လည်း​ကောင်း၊ ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှိ​သား ဇေ​ဒ​ကိ​မင်း နန်း​စံ​ဆယ်​တစ်​နှစ်​စေ့၍ ပ​ဥ္စ​မ​လ​တွင်၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို သိမ်း​သွား​ချုပ်​ထား​သည် တိုင်​အောင်၊ ထာ​ဝ​ရ​ဘု​ရား၏​ဗျာ​ဒိတ်​တော်​ကို​ခံ​ရ​သော ဗင်္ယာ​မိန်​ပြည်၊ အာ​န​သုတ်​မြို့​နေ ဟိ​လ​ခိ​သား ယဇ်​ပု​ရော​ဟိတ်​ယေ​ရ​မိ​စ​ကား​မှာ၊

တစ်​စုံ​တစ်​ယောက်​မျှ မ​ကြွင်း​ရ။ ထို​သို့ စစ်​ကြော​ရာ​ကာ​လ​တည်း​ဟူ​သော ဘေး​ဥ​ပဒ်​ကို အာ​န​သုတ်​မြို့​သား​တို့​အ​ပေါ်​သို့ ငါ​သက်​ရောက်​စေ​မည်​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

ယေ​ရ​မိ​သည် မိ​မိ​အ​မျိုး၌ မိ​မိ​အ​မွေ​ဥ​စ္စာ​ကို​ခံ​အံ့​သော​ငှာ၊ ဗင်္ယာ​မိန်​ပြည်​သို့​သွား​မည်​ဟု အ​ကြံ​ရှိ၍ ယေ​ရု​ရှ​လင်​မြို့​မှ ထွက်​သွား​လေ၏။

ခေ​ဖာ​ဟာ​မော​နဲ​မြို့၊ ဩ​ဖ​နိ​မြို့၊ ဂါ​ဘ​မြို့၊ ရွာ​နှင့်​တ​ကွ ဆယ်​နှစ်​မြို့​တည်း။

ယော​န​သန်​သည် ဂိ​ဗာ​မြို့၌​ရှိ​သော ဖိ​လိ​တ္တိ​တပ်​ကို​လုပ်​ကြံ​သ​ဖြင့် ဖိ​လိ​တ္တိ​လူ​တို့​သည် သ​တင်း​ကြား၏။ ရှော​လု​က​လည်း မြစ်​တစ်​ဖက်၌ နေ​သော​သူ​တို့​သည် ကြား​သိ​စေ​ဟု တစ်​ပြည်​လုံး တံ​ပိုး​မှုတ်​စေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ