ပြေး၍မှီခိုရာ ဟေဗြုန်မြို့မှတစ်ပါး၊ ယုဒခရိုင်ထဲက လိဗနမြို့နှင့် မြို့နယ်၊ ယတ္တိရမြို့နှင့် မြို့နယ်၊ ဧရှတမောမြို့နှင့် မြို့နယ်၊
ဧဇရသားကား ယေသာ၊ မေရက်၊ ဧဖာ၊ ယာလုန်တည်း။ မေရက်နှင့်စုံဖက်သော ဖာရောသမီး ဗိသယာသည် မိရိ၊ ရှမ္မဲ၊ ဧရှတမောအဘ ဣရှဘကို ဖွားမြင်၏။
ဟောလုန်မြို့နှင့် မြို့နယ်၊ ဒေဗိရမြို့နှင့် မြို့နယ်၊
အထက်ဆိုခဲ့ပြီးသော မြို့တို့ကို စာရေးတံပြု၍၊ ယုဒအမျိုးသားခရိုင်၊ ရှိမောင်အမျိုးသားခရိုင်၊ ဗင်္ယာမိန် အမျိုးသားခရိုင်ထဲက ပေးကြ၏။
ထိုနောက် ယောရှုသည်၊ ဣသရေလလူအပေါင်းတို့နှင့်တကွ၊ မက္ကဒါမြို့မှ လိဗနမြို့သို့ချီသွား၍ တိုက်သဖြင့်၊
ထိုမှတစ်ပါး၊ လိဗနမြို့၊ ဧသာမြို့၊ အာရှန်မြို့၊
တောင်ပေါ်၌လည်း၊ ရှမိရမြို့၊ ယတ္တိရမြို့၊ စောခေါမြို့၊
အာရုန်၏သားမြေး ယဇ်ပုရောဟိတ်တို့ရသောမြို့ပေါင်းကား၊ မြို့နယ်ပါသောမြို့ ဆယ်သုံးမြို့ရှိသတည်း။