Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 6:53

Judson Bible

အ​ဟိ​တုပ်​သား ဇာ​ဒုတ်၊ ဇာ​ဒုတ်​သား အ​ဟိ​မတ်​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ရှေ​ဝ​သည် စာ​ရေး​တော်​ကြီး​ဖြစ်၏။ ဇာ​ဒုတ်​နှင့် အ​ဗျာ​သာ​သည် ယဇ်​ပု​ရော​ဟိတ်​ဖြစ်၏။

အ​ဟိ​တုပ်​သား ဇာ​ဒုတ်​နှင့် အ​ဗျာ​သာ၏​သား အ​ဟိ​မ​လက်​သည် ယဇ်​ပု​ရော​ဟိတ်​ဖြစ်၏။ စ​ရာ​ယ​သည် စာ​ရေး​တော်​ကြီး​ဖြစ်၏။

ကိုယ်​တော်​ကျွန်​အ​ကျွန်ုပ်၊ ယဇ်​ပု​ရော​ဟိတ် ဇာ​ဒုတ်၊ ယော​ယ​ဒ​သား​ဗေ​နာ​ယ၊ ကိုယ်​တော်​ကျွန် ရှော​လ​မုန်​တို့​ကို​ကား မ​ခေါ်​မ​ဖိတ်​ပါ။

ယဇ်​ပု​ရော​ဟိတ် ဇာ​ဒုတ်​နှင့် ပ​ရော​ဖက်​နာ​သန်​သည် ထို​မြို့​မှာ ဘိ​သိက်​ပေး၍ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ပြီး​လျှင်၊ တံ​ပိုး​မှုတ်၍ ရှော​လ​မုန်​မင်း​ကြီး​သည် အ​သက်​တော်​ရှင်​စေ​သ​တည်း​ဟု ကြွေး​ကြော်​ကြ​လော့။

ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်၊ ယော​ယ​ဒ​သား ဗေ​နာ​ယ၊ ပ​ရော​ဖက်​နာ​သန်၊ ရှိ​မိ၊ ရေ​ဣ​အ​စ​ရှိ​သော ဒါ​ဝိဒ်၏​မှူး​ကြီး​မတ်​ကြီး​များ​မူ​ကား၊ အ​ဒေါ​နိ​ယ​ဘက်​သို့​မ​ဝင်​ကြ။

ဗိုလ်​ချုပ်​ယွာ​ဘ​အ​ရာ၌ ယော​ယ​ဒ​သား ဗေ​နာ​ယ​ကို​လည်း​ကောင်း၊ အ​ဗျာ​သာ​အ​ရာ၌ ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်​ကို​လည်း​ကောင်း ရှင်​ဘု​ရင်​ခန့်​ထား​တော်​မူ၏။

ယော​ယ​ဒ​သား ဗေ​နာ​ယ​သည် ဗိုလ်​ချုပ်​မင်း​ဖြစ်၏။ ဇာ​ဒုတ်​နှင့် အ​ဗျာ​သာ​တို့​သည် ယဇ်​ပု​ရော​ဟိတ်​ဖြစ်၏။

ခွန်​အား​ကြီး​သော​သူ​ရဲ၊ လူ​ပျို​ဇာ​ဒုတ်​နှင့် သူ၏​အ​ဆွေ​အ​မျိုး တပ်​မှူး​နှစ်​ကျိပ်​နှစ်​ပါး၊

ဂေ​ရ​ရှုံ​သား​တို့​တွင်၊ ရှေ​ဗွေ​လ​သည် အ​ကြီး​ဖြစ်၏။

ဒါ​ဝိဒ်​သည် ဧ​လာ​ဇာ​အ​မျိုး​ဇာ​ဒုတ်​နှင့် ဣ​သ​မာ​အ​မျိုး အ​ဟိ​မ​လက်​ကို အ​သီး​အ​သီး​ဆောင်​သင့်​သည်​အ​တိုင်း ခန့်​ထား​လေ၏။

ဤ​သူ​တို့​သည် ဒါ​ဝိဒ်​မင်း​ကြီး၊ ဇာ​ဒုတ်၊ အ​ဟိ​မ​လက်​အ​စ​ရှိ​သော ယဇ်​ပု​ရော​ဟိတ် လေ​ဝိ​သား​အ​ဆွေ​အ​မျိုး သူ​ကြီး​တို့​ရှေ့​မှာ မိ​မိ​တို့​ညီ​အစ်​ကို အာ​ရုန်​အ​မျိုး​သား​တို့ တစ်​ဖက်​တစ်​ချက် အ​လှည့်​လှည့် စာ​ရေး​တံ​ပြု​ကြ၏။

ဇေ​ရ​ဟိ​သား မ​ရာ​ယုတ်၊ မ​ရာ​ယုတ်​သား အာ​မ​ရိ၊ အာ​မ​ရိ​သား အ​ဟိ​တုပ်၊

အာ​ရုန်၏​သား​မြေး​ဖြစ်​သော ကော​ဟတ်​အ​ဆွေ​အ​မျိုး​တို့​သည်၊ စာ​ရေး​တံ​ပြု​သော​အား​ဖြင့် ရ၍ နေ​ရ​သော​မြို့​နှင့် မြို့​နယ်​များ​ဟူ​မူ​ကား၊

အ​ဟိ​တုပ်​သား ဇာ​ဒုတ်၊ ဇာ​ဒုတ်​သား အ​ဟိ​မတ်၊

ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ငါ့​ထံ​မှ​ထွက်၍ လမ်း​လွှဲ​သော​အ​ခါ၊ ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​ကို စောင့်​နေ​သော လေ​ဝိ​အ​မျိုး​ဖြစ်​သော ဇာ​ဒုတ်​သား၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ငါ့​အ​မှု​ကို​ဆောင်​ခြင်း​ငှာ ငါ့​ထံ​သို့ ချဉ်း​ကပ်​ရ​ကြ​မည်။ ငါ့​အား ဆီ​ဥ​နှင့်​အ​သွေး​ကို​ပူ​ဇော်​ခြင်း​ငှာ အ​ရှေ့​မှာ ရပ်​ရ​ကြ​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

တစ်​ဖန် ငါ့​စိတ်​နှ​လုံး​အ​လို​သို့​လိုက်၍ သ​စ္စာ​စောင့်​သော ယဇ်​ပု​ရော​ဟိတ်​ကို ငါ​ပေါ်​ထွန်း​စေ​မည်။ မြဲ​သော​အိမ်​ကို သူ့​အ​ဖို့ ငါ​ဆောက်​ပေး​သ​ဖြင့်၊ သူ​သည် ငါ့​ထံ၌ ဘိ​သိက်​ခံ​သော​သူ​ရှေ့​မှာ အ​စဉ်​သွား​လာ​ရ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ