ဧလာဇာသားကား ဖိနဟတ်၊ ဖိနဟတ်သား အဘိရွှ၊ အဘိရွှသား ဗုက္ကိ၊ ဗုက္ကိသားဩဇိ၊ ဩဇိသား ဇေရဟိ၊ ဇေရဟိသား မေရာယုတ်၊ မေရာယုတ်သား အာမရိ၊ အာမရိသား အဟိတုပ်၊
အဟိတုပ်သား ဇာဒုတ်နှင့် အဗျာသာ၏သား အဟိမလက်သည် ယဇ်ပုရောဟိတ်ဖြစ်၏။ စရာယသည် စာရေးတော်ကြီးဖြစ်၏။
မေရာရိသားကား မဟာလိနှင့် မုရှိတည်း။ မဟာလိသားကား ဧလာဇာနှင့် ကိရှတည်း။
မေရာရိသားကား မဟာလိနှင့် မုရှိဖြစ်၍၊
အာမရံသားကား အာရုန်၊ မောရှေ၊ မိရိအံတည်း။ အာရုန်သားကား နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာတည်း။
အာရုန်၏သားမြေးမှာ၊ အာရုန်သားကား ဧလာဇာ၊ ဧလာဇာသား ဖိနဟတ်၊ ဖိနဟတ်သား အဘိရွှ၊
ရှေးကာလ ဧလာဇာသား ဖိနဟတ်သည် ထိုသူတို့ကိုအုပ်ရ၍၊ ထာဝရဘုရားသည် သူနှင့်အတူရှိတော်မူ၏။
ထိုသူတို့သည် ငါတို့၏ဘုရားသခင့် တန်ခိုးကျေးဇူးတော်ကြောင့်၊ ဣသရေလသားလေဝိ၏သား မဟာလိအမျိုးသား၊ ပညာရှိတစ်ယောက်၊ ရှေရဘိနှင့် သူ၏ပေါက်ဖော် တစ်ကျိပ်ရှစ်ယောက်၊
ဖိနဟတ်အမျိုး ဂေရရှုံ၊ ဣသမာအမျိုး ဒံယေလ၊ ဒါဝိဒ်အမျိုး ဟတ္တုတ်၊
အာရုန်သားဧလဇာသည် ပုတျေလသမီးတစ်ယောက်နှင့်စုံဖက်၍၊ သူသည် ဖိနဟတ်ကိုဖွားလေ၏။ ဤသူတို့သည်လေဝိအမျိုး၊ အသီးအသီးတို့၏ အဆွေအမျိုးသူကြီးဖြစ်ကြသတည်း။
သူသည် မိမိဘုရားသခင်ဘက်၌ စိတ်အားကြီး၍ ဣသရေလအမျိုးသားတို့အဖို့ အပြစ်ဖြေခြင်းကိုပြုသောကြောင့်၊ သူမှစ၍ သားစဉ်မြေးဆက်တို့သည် ထိုပဋိညာဉ်တည်းဟူသော ထာဝရယဇ်ပုရောဟိတ်အရာနှင့်ဆိုင်သော ပဋိညာဉ်ကိုရပြီဟု မောရှေအားမိန့်တော်မူ၏။
မောရှေသည်ထိုသူတို့ကိုလည်းကောင်း၊ သန့်ရှင်းသောလက်နက်နှင့်တကွ၊ မှုတ်ရာတံပိုးတို့ကိုကိုင်သော ယဇ်ပုရောဟိတ်ဧလာဇာသား ဖိနဟတ်ကိုလည်းကောင်း စစ်ချီစေ၏။
ထိုအခါ ယောရှုသည် ကောင်းချီးပေး၏။ ဟေဗြုန်ပြည်ကိုလည်း၊ ယေဖုန္နာ၏သားကာလက် အမွေခံစရာဖို့ အပ်ပေးလေ၏။
ဟေဗြုန်မြို့သည် အထက်က ကိရယသာဘအမည်ရှိ၏။ အာဗသည် အာနကအမျိုးသားတို့တွင်လူကြီးဖြစ်၏။ ထိုအခါ တစ်ပြည်လုံးစစ်ငြိမ်းလေ၏။
ဣသရေလအမျိုးသားတို့သည်၊ ယဇ်ပုရောဟိတ်ဧလာဇာသား ဖိနဟတ်နှင့်တကွ၊ ဣသရေလအမျိုး အသီးအသီးတို့အထဲက ရွေးကောက်၍၊ လူတစ်ထောင်ကိုအုပ်သော အဆွေအမျိုး သူကြီးဆယ်ပါးတို့ကို ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတစ်ဝက်ရှိရာ ဂိလဒ်ပြည်သို့ စေလွှတ်ကြ၏။
အာရုန်သား ယဇ်ပုရောဟိတ်ဧလာဇာသည်လည်း အနိစ္စရောက်လေ၏။ သူ၏သားဖိနဟတ်အား လူများပေးခဲ့သော ဧဖရိမ်တောင်ပေါ်၊ ဖိနဟတ်ကုန်း၌ သင်္ဂြိုဟ်ကြ၏။ ယောရှုမှတ်စာပြီး၏။
ဣသရေလအမျိုးသားတို့က၊ အကျွန်ုပ်တို့ ညီဗင်္ယာမိန်အမျိုးသားတို့ကို တစ်ဖန်သွား၍ တိုက်ရပါမည်လော၊ မသွားဘဲနေရပါမည်လောဟု ထာဝရဘုရားအား မေးလျှောက်သော်၊ ထာဝရဘုရားက သွားကြလော့။ နက်ဖြန်နေ့တွင် သူတို့ကို သင်တို့လက်၌ ငါအပ်မည်ဟု မိန့်တော်မူ၏။