Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 6:32

Judson Bible

ယေ​ရု​ရှ​လင်​မြို့၌ ဗိ​မာန်​တော်​ကို ရှော​လ​မုန်​မ​တည်​မီ ကာ​လ​ပတ်​လုံး၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တည်​ရာ​အ​ရပ်၌ သီ​ချင်း​ဆို​လျက် အ​မှု​တော်​ကို စောင့်​ကြ၏။ ဗိ​မာန်​တော်​ကို​တည်​ပြီး​သော​နောက်၊ မိ​မိ​တို့​အ​လှည့်​အ​တိုင်း စောင့်​ရ​သော​အ​မှု​ကို စောင့်​လျက်​နေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ယော​ဟန်​သား​ကား၊ ယေ​ရု​ရှ​လင်​မြို့​မှာ ရှော​လ​မုန်​တည်​သော ဗိ​မာန်​တော်၌ ယဇ်​ပု​ရော​ဟိတ်​ပြု​သော အာ​ဇ​ရိ​တည်း။

ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​သည် ငြိမ်​ဝပ်​သော​အ​ခါ၊ အိမ်​တော်၌ သီ​ချင်း​ဆို​ရာ​အ​မှု​တော်​ကို စောင့်​စေ​ခြင်း​ငှာ၊ ဒါ​ဝိဒ်​မင်း​ခန့်​ထား​သော​သူ​တို့​သည်၊

ထို​အ​မှု​တော်​ကို စောင့်​သော​သူ​တို့​နှင့် သား​စဉ်​မြေး​ဆက် ဟူ​မူ​ကား၊ ဣ​သ​ရေ​လ၊ လေ​ဝိ၊ ကော​ဟတ်၊ ဣ​ဇ​ဟာ၊ ကော​ရ၊ ဧ​ဗျာ​သပ်၊ အဿိ​ရ၊ တာ​ဟတ်၊ ဇေ​ဖ​နိ၊ အာ​ဇ​ရိ၊ ယော​လ၊ ဧ​လ​ကာ​န၊ အ​မာ​သဲ၊ မာ​ဟတ်၊ ဧ​လ​ကာ​န၊ ဇော​ဖဲ၊ တော​အာ၊ ဧ​လျာ​ဘ၊ ယေ​ရော​ဟံ၊ ဧ​လ​ကာ​န၊ ရှ​မွေ​လ၊ ယော​လ​တို့​မှ ဆင်း​သက်​သော ကော​ဟတ်​အ​မျိုး၊ သီ​ချင်း​သည် ဟေ​မန်​တစ်​ပါး၊

သီ​ချင်း​ဆို​သော​သူ လေ​ဝိ​အ​ဆွေ​အ​မျိုး သူ​ကြီး​တို့​သည် မိ​မိ​တို့​အ​မှု​ကို နေ့​ည​မ​ပြတ်​စောင့်​ရ​သော​ကြောင့်၊ အိမ်​တော်​အ​ခန်း၌​နေ၍ အ​ခြား​သော​အ​မှု​နှင့် လွတ်​ကြ၏။

ယဇ်​ပု​ရော​ဟိတ် လေ​ဝိ​သား​တို့​သည်၊ အ​သီး​အ​သီး​စောင့်​ရ​သော​အ​မှု​ကို အ​လှည့်​သင့်​သည်​အ​တိုင်း စောင့်​လျက်၊ ထာ​ဝ​ရ​ဘု​ရား ကျိန်း​ဝပ်​တော်​မူ​သော ဌာ​န​တော်​တံ​ခါး​အ​တွင်း၌၊ မီး​ရှို့​ရာ​ယဇ်​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​ကို​ပူ​ဇော်​ခြင်း၊ အ​မှု​တော်​မျိုး​ကို စောင့်​ခြင်း၊ ကျေး​ဇူး​တော်​ကို ဝန်​ခံ​ခြင်း၊ ထော​မ​နာ​သီ​ချင်း​ဆို​ခြင်း​အ​မှု​ကို ပြု​စေ​ခြင်း​ငှာ၊ ဟေ​ဇ​ကိ​ခန့်​ထား​တော်​မူ၏။

ဒါ​ဝိဒ်​နှင့် ရှင်​ဘု​ရင်၏​ပ​ရော​ဖက် အာ​သပ်၊ ဟေ​မန်၊ ယေ​ဒု​သုန်​တို့ စီ​ရင်​သည်​အ​တိုင်း၊ အာ​သပ်​အ​မျိုး​သား သီ​ချင်း​သည်​တို့​သည် မိ​မိ​တို့​နေ​ရာ၌ ရှိ​ကြ၏။ တံ​ခါး​စောင့်​တို့​သည် မိ​မိ​တို့​အ​မှု​ကို​မ​ရှောင်၊ တံ​ခါး​ရှိ​သ​မျှ​တို့​ကို စောင့်​ကြ၏။ သူ​တို့​ညီ​အစ်​ကို လေ​ဝိ​သား​တို့​သည် သူ​တို့​အ​ဖို့ ပြင်​ဆင်​ကြ၏။

မော​ရှေ​ကျမ်း​စာ၌ ပါ​သည်​အ​တိုင်း၊ ယေ​ရု​ရှ​လင်​မြို့၌ ဘု​ရား​ဝတ်​ကို ပြု​စေ​ခြင်း​ငှာ၊ ယဇ်​ပု​ရော​ဟိတ် အ​သီး​အ​သီး​တို့​ကို​လည်း​ကောင်း၊ သင်း​ဖွဲ့​သော လေ​ဝိ​သား​တို့​ကို​လည်း​ကောင်း ခန့်​ထား​ကြ၏။

အ​တွင်း​တံ​ခါး​ပြင်​မှာ အ​တွင်း​တံ​တိုင်း၌ အ​ခန်း​နှစ်​ခု​ကို ငါ​မြင်၏။ တစ်​ခန်း​ကား၊ မြောက်​တံ​ခါး​အ​နား​မှာ​ရှိ၍ တောင်​ဘက်​သို့ မျက်​နှာ​ပြု၏။ တစ်​ခန်း​ကား၊ တောင်​တံ​ခါး​အ​နား​မှာ​ရှိ၍ မြောက်​ဘက်​သို့​မျက်​နှာ​ပြု၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ