မှူးမတ်တို့သည်လည်း၊ စေတနာစိတ်ရှိ၍ လူများ၊ ယဇ်ပုရောဟိတ်၊ လေဝိသားတို့အားပေးကြ၏။ ဗိမာန်တော်မှူးဟိလခိ၊ ဇာခရိ၊ ယေဟေလသည်လည်း၊ ပသခါပွဲ ခံစရာဖို့ သိုးဆိတ် နှစ်ထောင်ခြောက်ရာနှင့် နွားသုံးရာကို ယဇ်ပုရောဟိတ်တို့အား ပေးကြ၏။