Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 5:22

Judson Bible

ဘု​ရား​သ​ခင့်​အ​ခွင့်​နှင့် စစ်​တိုက်​သော​ကြောင့်၊ ရန်​သူ​အ​များ​တို့​သည်​လဲ​သေ​ကြ၏။ ဣ​သ​ရေ​လ​လူ​တို့​သည် သိမ်း​သွား​ခြင်း​အ​မှု မ​ရောက်​မီ​တိုင်​အောင်၊ ဟာ​ဂ​ရ​လူ​တို့​နေ​ရာ၌ နေ​ရာ​ကျ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ဂဒ်​မူ​ကား၊ စစ်​သူ​ရဲ​တို့​သည် သူ့​ကို​တိုက်​ကြ၍၊ သူ​သည် ပြန်​တိုက်​လိမ့်​မည်။

ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ပေ​ကာ​လက်​ထက်၊ အာ​ရှု​ရိ​ရှင်​ဘု​ရင် တိ​ဂ​လတ်​ပိ​လေ​သာ​သည်​လာ၍ ဣ​ယုန်​မြို့၊ အ​ဗေ​လ​ဗက်​မာ​ခါ​မြို့၊ ယာ​နော​မြို့၊ ကေ​ဒေ​ရှ​မြို့၊ ဟာ​ဇော်​မြို့​နှင့်​တ​ကွ ဂိ​လဒ်​ပြည်၊ ဂါ​လိ​လဲ​ပြည်၊ နဿ​လိ​ပြည်​သား​အ​ပေါင်း​တို့​ကို လုပ်​ကြံ၍၊ အာ​ရှု​ရိ​ပြည်​သို့ သိမ်း​သွား၏။

ဟော​ရှေ​နန်း​စံ​ကိုး​နှစ်​တွင်၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်​သည် ရှ​မာ​ရိ​မြို့​ကို​ရ​ပြီး​လျှင်၊ ဣ​သ​ရေ​လ​အ​မျိုး​ကို အာ​ရှု​ရိ​ပြည်​သို့​သိမ်း​သွား၍ ဂေါ​ဇန်​မြစ်​နား၊ ဟာ​လ​မြို့၊ ဟာ​ဗော်​မြို့​အ​စ​ရှိ​သော မေ​ဒိ​နိုင်​ငံ​မြို့​ရွာ​တို့၌​ထား၏။

အ​ထက်​ဆို​ခဲ့​ပြီး​သော သူ​တို့​သည် ယု​ဒ​ရှင်​ဘု​ရင် ဟေ​ဇ​ကိ​လက်​ထက်၌ သွား၍၊ သိုး​ကျက်​စား​စ​ရာ ကောင်း​သော​အ​ရပ်​ကို တွေ့​သော​ကြောင့်၊ အ​ရပ်​သား နေ​ရာ​ရွာ​တို့​ကို​လုပ်​ကြံ၍၊ ရှင်း​ရှင်း​ဖျက်​ဆီး​ပြီး​မှ ယ​နေ့​တိုင်​အောင် နေ​ကြ၏။

ကု​လား​အုတ်​ငါး​သောင်း၊ သိုး​နှစ်​သိန်း​ငါး​သောင်း၊ မြည်း​နှစ်​ထောင်၊ လူ​တစ်​သိန်း​တို့​ကို​သိမ်း​ယူ​ကြ၏။

သို့​ဖြစ်၍ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်​သည် အာ​ရှု​ရိ​ရှင်​ဘု​ရင် ပု​လ​နှင့် ရှင်​ဘု​ရင်​တိ​ဂ​လတ်​ပိ​လေ​သာ​စိတ်​ကို နှိုး​ဆော်​တော်​မူ​သ​ဖြင့်၊ နောက်​ရှင်​ဘု​ရင်​သည် ထို​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ဂေါ​ဇန်​မြစ်​နား၊ ဟေ​လ​မြို့၊ ဟာ​ဗော်​မြို့၊ ဟာ​ရ​မြို့​သို့ သိမ်း​သွား၍ ယ​နေ့​တိုင်​အောင်​နေ​ရာ​ချ​ထား၏။

အာ​မ​သဲ​သား ဇော​ဖဲ၊ ဇော​ဖဲ​သား နာ​ဟတ်၊

ဘု​ရား​သ​ခင်​သည် ဖိ​လိ​တ္တိ​လူ၊ ဂု​ရ​ဗာ​လ​မြို့​မှာ နေ​သော​အာ​ရပ်​လူ၊ မ​ဟု​နိမ်​လူ​တို့​တစ်​ဖက်၌ သူ့​ကို​မ​စ​တော်​မူ၏။

သူ့​ဘက်၌ လူ​လက်​ရုံး​ရှိ၏။ ငါ​တို့​ဘက်၌ ထောက်​မ၍၊ စစ်​ကူ​တော်​မူ​သော ငါ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှိ​တော်​မူ​သည်​ဟု မိန့်​တော်​မူ၏။ လူ​များ​တို့​သည် ယု​ဒ​ရှင်​ဘု​ရင်​ဟေ​ဇ​ကိ၏​စ​ကား​ကို ကိုး​စား​ကြ၏။

သို့​ဖြစ်၍ ဤ​အ​ရာ​များ​တို့၌ အ​ဘယ်​သို့ ပြော​စ​ရာ​ရှိ​သ​နည်း။ ဘု​ရား​သ​ခင်​သည် ငါ​တို့​ဘက်၌ ရှိ​တော်​မူ​လျှင်၊ အ​ဘယ်​သူ​သည် ငါ​တို့​တစ်​ဖက်၌ နေ​နိုင်​မည်​နည်း။-

သင်​တို့​တစ်​ယောက်​သော်​လည်း အ​ခြား​သော​သူ​တစ်​ထောင်​ကို ပြေး​စေ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် က​တိ​တော်​ရှိ​သည်​အ​တိုင်း သင်​တို့​ဘက်၌ စစ်​တိုက်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ