Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 5:17

Judson Bible

ဤ​သူ​အ​ပေါင်း​တို့​သည် ယု​ဒ​ရှင်​ဘု​ရင်​ယော​သံ​နှင့် ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယေ​ရော​ဗောင်​လက်​ထက် သား​စဉ်​မြေး​ဆက် စာ​ရင်း​ဝင်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ယ​ဟော​ရှ​သည် ဘိုး​ဘေး​တို့​နှင့် အိပ်​ပျော်၍၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​တို့​နှင့်​အ​တူ ရှ​မာ​ရိ​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို ခံ​လေ၏။ သား​တော်​ယေ​ရော​ဗောင်​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။

ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှ​သား အာ​မ​ဇိ နန်း​စံ​ဆယ်​ငါး​နှစ်​တွင်၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယ​ဟော​ရှ​သား ယေ​ရော​ဗောင်​သည် ရှ​မာ​ရိ​မြို့၌​မင်း​ပြု၍ လေး​ဆယ်​တစ်​နှစ်​စိုး​စံ၏။

ယေ​ရော​ဗောင်​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ​တို့​နှင့် တန်​ခိုး​ကြီး​ခြင်း၊ စစ်​တိုက်​ခြင်း၊ အ​ထက်​က ယု​ဒ​နိုင်​ငံ​အ​ဝင်​ဖြစ်​သော ဒ​မာ​သက်​မြို့​နှင့် ဟာ​မက်​မြို့​ကို ဣ​သ​ရေ​လ​အ​မျိုး​အ​ဖို့၊ ရန်​သူ​လက်​မှ နုတ်​ယူ​ခြင်း​အ​ရာ​တို့​သည် ဣ​သ​ရေ​လ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။

ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ရေ​မ​လိ​သား​ပေ​ကာ နန်း​စံ​နှစ်​နှစ်​တွင်၊ ယု​ဒ​ရှင်​ဘု​ရင်​ဩ​ဇိ​သား ယော​သံ​သည် အ​သက်​နှစ်​ဆယ်​ငါး​နှစ်​ရှိ​သော် နန်း​ထိုင်၍၊

ထာ​ဝ​ရ​ဘု​ရား​သည် ဒဏ်​ခတ်​တော်​မူ​သ​ဖြင့်၊ ရှင်​ဘု​ရင်​သည် သေ​သည်​တိုင်​အောင် နူ​နာ​စွဲ၍ ခြား​နား​သော​နန်း၌ နေ​ရ၏။ သား​တော်​ယော​သံ​သည် နန်း​တော်​ကို​အုပ်၍ နိုင်​ငံ​တော်​မှု​ကို စီ​ရင်​ရ၏။

သူ၏​ညီ ယေ​ယေ​လ​နှင့် ဇာ​ခ​ရိ​တို့​သည်​လည်း၊ သား​စဉ်​မြေး​ဆက်​စာ​ရင်း​ယူ​သော​အ​ခါ အ​ဆွေ​အ​မျိုး​သူ​ကြီး​ဖြစ်​သ​တည်း။

ယော​သံ​သည် အ​သက်​နှစ်​ဆယ်​ငါး​နှစ်​ရှိ​သော်၊ နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ တစ်​ဆယ်​ခြောက်​နှစ် စိုး​စံ​လေ၏။ မယ်​တော်​ကား၊ ဇာ​ဒုတ်​သ​မီး ယေ​ရု​ရှာ​အ​မည်​ရှိ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ