၁ ရာချုပ် 5:1Judson Bibleရုဗင်သည် ဣသရေလ၏သားဦးဖြစ်သော်လည်း၊ အဘအိပ်ရာကို ညစ်ညူးစေသောကြောင့်၊ သားဦးအရာကိုနုတ်ပြီးလျှင်၊ ဣသရေလ၏သားဖြစ်သော ယောသပ်၏သားတို့အားပေးသည်ဖြစ်၍၊ သားစဉ် မြေးဆက်တို့ကိုမှတ်သောအခါ၊ သားဦးအရာကိုလိုက်၍ မမှတ်ရ။ အခန်းကိုကြည့်ပါ။ |
သူ၏ဘုန်းသည် နွားလားဥသဘဘုန်းကဲ့သို့လည်းကောင်း၊ သူ၏ဦးချိုတို့သည် ကြံ့ဦးချိုကဲ့သို့လည်းကောင်း ဖြစ်ကြ၏။ ထိုဦးချိုတို့နှင့် လူအမျိုးမျိုးတို့ကို မြေကြီးစွန်းတိုင်အောင် တစ်ပြိုင်နက်ထိုးခတ်လိမ့်မည်။ ဧဖရိမ်အမျိုးသား အသောင်းသောင်း၊ မနာရှေအမျိုးသား အထောင်ထောင်ပေတည်း။