ကေနတ်သားကား ဩသံယေလနှင့် စရာယတည်း။ ဩသံယေလသားကား ဟာသတ်နှင့် မောနောသဲတည်း။
ဧရှတုန်သားကား ဗက်ရာဖ၊ ပါသာ၊ တေဟိန္နတည်း။ တေဟိန္နသားကား ဣရနာဟတ်တည်း။ ဤသူတို့သည် ရေခါအမျိုးသားဖြစ်ကြ၏။
မောနောသဲသားကား ဩဖရာတည်း။ စရာယသားကား ယွာဘ၊ ယွာဘ၏သားတို့သည် ဆရာသမားဖြစ်၍ ဆရာသမားချိုင့်၌ နေသောသူတည်း။
ကာလက်ညီ ကေနတ်၏သားဩသံယေလသည် ထိုမြို့ကိုတိုက်ယူ၍ ကာလက်သည် သမီးအာခသကို သူ့အားပေးစားလေ၏။
ကာလက်ညီကေနတ်၏သား ဩသံယေလသည် ထိုမြို့ကိုတိုက်ယူ၍၊ ကာလက်သည် သမီးအာခသကို သူ့အားပေးစားလေ၏။