Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 3:2

Judson Bible

တ​တိ​ယ​သား​ကား၊ ဂေ​ရှု​ရ​ရှင်​ဘု​ရင် တာ​လ​မဲ​သ​မီး​မာ​ခါ၏​သား အ​ဗ​ရှ​လုံ​တည်း။ စ​တု​တ္ထ​သား​ကား၊ ဟ​ဂ္ဂိတ်၏​သား အ​ဒေါ​နိ​ယ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်၏​သား အ​ဗ​ရှ​လုံ၌ တာ​မာ​အ​မည်​ရှိ​သော အ​ဆင်း​လှ​သော​နှ​မ​တစ်​ယောက်​ရှိ၏။ ဒါ​ဝိဒ်၏​သား အာ​မ​နုန်​သည် ထို​နှ​မ​ကို ချစ်​လေ၏။

အ​ဗ​ရှ​လုံ​သည် ဂေ​ရှု​ရ​မြို့​သို့ ပြေး​ပြီး​မှ သုံး​နှစ်​နေ၏။

ထို​နောက် ယွာ​ဘ​သည်​ထ၍ ဂေ​ရှု​ရ​မြို့​သို့​သွား​သ​ဖြင့်၊ အ​ဗ​ရှ​လုံ​ကို ယေ​ရု​ရှ​လင်​မြို့​သို့ ဆောင်​ခဲ့​လေ၏။

အ​ဗ​ရှ​လုံ​က၊ ငါ​သည် ဂေ​ရှု​ရ​မြို့​မှ အ​ဘယ်​ကြောင့် လာ​ရ​သ​နည်း။ ထို​မြို့၌ ယ​ခု​တိုင်​အောင် နေ​ကောင်း​သည်​ဟု လျှောက်​စေ​ခြင်း​ငှာ၊ သင့်​ကို ရှင်​ဘု​ရင်​ထံ​တော်​သို့ စေ​လွှတ်​မည်​ဟု ငါ​ခေါ်၏။ ယ​ခု​မှာ ရှင်​ဘု​ရင်၏​မျက်​နှာ​တော်​ကို ငါ​မြင်​ရ​ပါ​စေ။ အ​ပြစ်​ရှိ​လျှင် သတ်​တော်​မူ​ပါ​စေ​ဟု ယွာ​ဘ​အား​ပြော​ဆို​သော်၊

ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​ကို တစ်​ဖန်​ယေ​ရု​ရှ​လင်​မြို့​သို့ ဆောင်​တော်​မူ​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​ဝတ်​ကို အ​ကျွန်ုပ်​ပြု​ပါ​မည်​ဟု ကိုယ်​တော်​ကျွန်​သည် ရှု​ရိ​ပြည် ဂေ​ရှု​ရ​မြို့၌​နေ​သော​အ​ခါ သ​စ္စာ​က​တိ​ပြု​ပါ​ပြီ။ သို့​ဖြစ်၍ ကျွန်​တော်​သည် ထာ​ဝ​ရ​ဘု​ရား​အား သ​စ္စာ​က​တိ​ပြု​သည်​အ​တိုင်း၊ ဟေ​ဗြုန်​မြို့​သို့​သွား၍ သ​စ္စာ​ဝတ်​ကို​ဖြေ​ရ​မည်​အ​ကြောင်း အ​ခွင့်​ပေး​တော်​မူ​ပါ​ဟု​လျှောက်​လျှင်၊

ယွာ​ဘ​က၊ သင်​နှင့်​အ​တူ ငါ​မ​နေ​အား​ဟု​ဆို​လျက် လှံ​ယဉ်​သုံး​စင်း​ကို​ကိုင်​ယူ၍ သ​ပိတ်​ပင်​အ​လယ်၌ အ​သက်​ရှင်​လျက်​ရှိ​သော အ​ဗ​ရှ​လုံ၏​နှ​လုံး​ကို ထုတ်​ချင်း ခပ်​ထိုး​လေ၏။

အ​ဗ​ရှ​လုံ​သည် အ​သက်​ရှင်​စဉ်​အ​ခါ၊ ငါ၏​နာ​မ​သည် မ​ပျောက် အ​မြဲ​တည်​မည်​အ​ကြောင်း၊ သား​မ​ရှိ​ဟု​ဆို​လျက် ရှင်​ဘု​ရင်​ချိုင့်​တွင် ကိုယ်​အ​ဖို့ ကျောက်​တိုင်​ကို​စိုက်၍ မိ​မိ​နာ​မ​ဖြင့်​သ​မုတ်​သော​ကြောင့်၊ ယ​နေ့​တိုင်​အောင် အ​ဗ​ရှ​လုံ၏​အောင်​တိုင်​ဟူ၍ တွင်​သ​တည်း။

ရှင်​ဘု​ရင်​သည် အ​လွန်​နာ​ကျင်​သော​စိတ်​ရှိ​သ​ဖြင့် မြို့​တံ​ခါး​အ​ပေါ်၌​ရှိ​သော တဲ​သို့​တက်၍ တက်​စဉ်​တွင်၊ အို​ငါ့​သား​အ​ဗ​ရှ​လုံ၊ ငါ့​သား၊ ငါ့​သား​အ​ဗ​ရှ​လုံ၊ သင့်​ကိုယ်​စား ငါ​မ​သေ​ပါ​လေ​တ​ကား။ အို​အ​ဗ​ရှ​လုံ၊ ငါ့​သား၊ ငါ့​သား​ဟု ငို​ကြွေး​လေ၏။

ဒု​တိ​ယ​သား​ကား၊ နာ​ဗ​လ​မ​ယား၊ က​ရ​မေ​လ​မြို့​သူ အ​ဘိ​ဂဲ​လ​တွင်​မြင်​သော​သား ခိ​လပ်​တည်း။ တ​တိ​ယ​သား​ကား၊ ဂေ​ရှု​ရိ​ရှင်​ဘု​ရင်​တာ​လ​မဲ​သ​မီး မာ​ခါ၏​သား အ​ဗ​ရှ​လုံ​တည်း။

စ​တု​တ္တ​သား​ကား၊ ဟ​ဂ္ဂိတ်၏​သား အ​ဒေါ​နိ​ယ​တည်း။ ပ​ဥ္စ​မ​သား​ကား၊ အ​ဘိ​တ​လ၏​သား ရှေ​ဖ​တိ​တည်း။

ထို​နောက် ဟ​ဂ္ဂိတ်​သား အ​ဒေါ​နိ​ယ​သည် ရှင်​ဘု​ရင်​လုပ်​မည်​ဟု အ​ကြံ​ရှိ​လျက်၊ ကိုယ်​ကို​ချီး​မြှောက်၍ ရ​ထား​များ​နှင့် မြင်း​များ​ကို​လည်း​ကောင်း၊ မိ​မိ​ရှေ့၌​ပြေး​ရ​သော လူ​ငါး​ဆယ်​ကို​လည်း​ကောင်း၊ ပြင်​ဆင်​လေ၏။

ခ​မည်း​တော်​က၊ သင်​သည် အ​ဘယ်​ကြောင့် ဤ​သို့​ပြု​သ​နည်း​ဟု သူ့​စိတ်​နာ​အောင် တစ်​ခါ​မျှ​မ​ပြော​စ​ဖူး။ ထို​သူ​သည် အ​ဆင်း​လည်း အ​လွန်​လှ၏။

ရှော​လ​မုန်​မင်း​ကြီး​က၊ အ​ဒေါ​နိ​ယ​အ​ဖို့ ရှု​နင်​မြို့​သူ အ​ဘိ​ရှက်​ကို​သာ အ​ဘယ်​ကြောင့်​တောင်း​ရ​သ​နည်း။ နိုင်​ငံ​တော်​ကို​လည်း သူ​အ​ဖို့​တောင်း​ပါ​လော့။ သူ​သည် ကျွန်ုပ်​နောင်​တော်​ဖြစ်၏။ သူ​နှင့် ယဇ်​ပု​ရော​ဟိတ်​အ​ဗျာ​သာ၊ ဇေ​ရု​ယာ၏​သား​ယွာ​ဘ​အ​ဖို့ တောင်း​ပါ​လော့​ဟု မယ်​တော်​အား​ပြန်​ပြော​ပြီး​မှ၊

ဂေ​ရှု​ရ​မြို့၊ အာ​ရံ​မြို့​နှင့်​တ​ကွ ယာ​ဣ​ရ​မြို့​စု၊ ကေ​နတ်​မြို့​နှင့် ပတ်​ဝန်း​ကျင်​သော မြို့​စု​မြို့​ပေါင်း ခြောက်​ဆယ်​တို့​ကို တိုက်​ယူ၏။ ထို​မြို့​အ​ပေါင်း​တို့​ကို ဂိ​လဒ်​အ​ဘ မာ​ခိ​ရ၏​သား​မြေး​တို့​သည် ပိုင်​ကြ၏။

ဟေ​ဗြုန်​မြို့၌ ဒါ​ဝိဒ်​မြင်​သော​သား​တို့​တွင် သား​ဦး​ကား၊ ယေ​ဇ​ရေ​လ​မြို့​သူ အ​ဟိ​နောင်​တွင်​မြင်​သော​သား အာ​မ​နုန်​တည်း။ ဒု​တိ​ယ​သား​ကား၊ က​ရ​မေ​လ​မြို့​သူ အ​ဘိ​ဂဲ​လ​တွင် မြင်​သော​သား ဒံ​ယေ​လ​တည်း။

ပ​ဥ္စ​မ​သား​ကား၊ အ​ဘိ​တ​လ၏​သား ရှေ​ဖ​တိ​တည်း။ ဆ​ဋ္ဌ​မ​သား​ကား၊ မြောက်​သား​တော် ဧ​ဂ​လ​တွင်​မြင်​သော​သား ဣ​သ​ရံ​တည်း။

သို့​ရာ​တွင် ဣ​သ​ရေ​လ​လူ​တို့​သည် ဂေ​ရှု​ရိ​လူ၊ မာ​ခါ​သိ​လူ​တို့​ကို မ​နှင်​ထုတ်​ကြ။ ထို​လူ​မျိုး​တို့​သည် ယ​နေ့​တိုင်​အောင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် အ​တူ​နေ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ