ယောယကိမ်သားကား ယေခေါနိနှင့် ဇေဒကိတည်း။
ဗာဗုလုန်ရှင်ဘုရင်သည် ယေခေါနိဘထွေးတော်မဿနိကို ဇေဒကိအမည်ဖြင့်မှည့်၍ ယေခေါနိအရာ၌ နန်းတင်၏။
ယောယကိမ်သည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ သားတော်ယေခေါနိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
ယေခေါနိသည် အသက်ဆယ်ရှစ်နှစ်ရှိသော်နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးလစိုးစံလေ၏။ မယ်တော်ကား၊ ယေရုရှလင်မြို့သား ဧလနာသန်၏သမီးနဟုတ္တအမည်ရှိ၏။
ယုဒရှင်ဘုရင်ယေခေါနိသည် အချုပ်ခံရသော သက္ကရာဇ်သုံးဆယ်ခုနစ်နှစ်၊ ဒွါဒသမလ နှစ်ဆယ်ခုနစ်ရက်နေ့တွင်၊ ဗာဗုလုန်ရှင်ဘုရင် ဧဝိလမေရောဒက်နန်းစံ စက၊ ယုဒရှင်ဘုရင်ယေခေါနိကို ထောင်ထဲကနုတ်၍ ချမ်းသာပေးလေ၏။
ယောရှိသားဦးကား ယောဟာနန်၊ ဒုတိယသား ယောယကိမ်၊ တတိယသား ဇေဒကိ၊ စတုတ္ထသား ရှလ္လုံတည်း။
အကျဉ်းခံရသော ယေခေါနိသားကား ရှာလသေလ၊
ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားသည် မိမိလူမျိုးနှင့် မိမိနေတော်မူရာအရပ်ကို သနားသောကြောင့်၊ စောစောထ၍ အထပ်ထပ် စေလွှတ်သောတမန်တို့အားဖြင့် မှာလိုက်တော်မူသော်လည်း၊
ယေခေါနိသည် အသက်တစ်ဆယ်ရှစ်နှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးလနှင့် ဆယ်ရက် စိုးစံလေ၏။ ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။
ထာဝရဘုရားမိန့်တော်မူသည်ကား၊ ယုဒရှင်ဘုရင် ယောယကိမ်မင်းကြီး၏သား ခေါနိသည်၊ ငါ့လက်ယာလက်၌ပါသော တံဆိပ်လက်စွပ်မှန်သော်လည်း၊ ငါအသက်ရှင်သည်အတိုင်း သင့်ကို ငါပယ်ပစ်မည်။
ဤမင်းသားခေါနိသည် ရိုသေဖွယ်မဟုတ်၊ ကျိုးပဲ့သောရုပ်တုဖြစ်သလော။ အဘယ်သူမျှ မနှစ်သက်သောတန်ဆာ ဖြစ်သလော။ သူနှင့်တကွ သူ၏သားမြေးတို့ကို နှင်ထုတ်၍၊ သူတို့မသိဖူးသောပြည်၌ အဘယ်ကြောင့် ချပစ်ရသနည်း။
ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ယုဒရှင်ဘုရင်အရာ၌ ခန့်ထားသော ယောယကိမ်သားခေါနိအရာ၌၊ ယောရှိမင်းကြီး၏သား ဇေဒကိမင်းကြီးသည် နန်းထိုင်လေ၏။
ယောရှိသား ယောယကိမ်။ ယောယကိမ်သည် ဗာဗုလုန်မြို့သို့ နေရာပြောင်းခါနီးတွင်မြင်သောသား ယေခေါနိမှစ၍ ညီနောင်တစ်စုတည်း။