ယောရှိသားဦးကား ယောဟာနန်၊ ဒုတိယသား ယောယကိမ်၊ တတိယသား ဇေဒကိ၊ စတုတ္ထသား ရှလ္လုံတည်း။
ယောခတ်သည် အသက်နှစ်ဆယ်သုံးနှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးလစိုးစံလေ၏။ မယ်တော်ကား၊ လိဗနမြို့သားယေရမိ၏သမီး ဟာမုတာလအမည်ရှိ၏။
ဖာရောနေခေါသည်လည်း၊ ယောရှိသားဧလျာကိမ်ကို ခမည်းတော်အရာ၌ နန်းတင်၍ ယောယကိမ် အမည်သစ်ကို ပေး၏။ ယောခတ်ကို အဲဂုတ္တုပြည်သို့ယူသွား၍ ထိုပြည်၌ ယောခတ်သည် သေ၏။
ဗာဗုလုန်ရှင်ဘုရင်သည် ယေခေါနိဘထွေးတော်မဿနိကို ဇေဒကိအမည်ဖြင့်မှည့်၍ ယေခေါနိအရာ၌ နန်းတင်၏။
မနာရှေသား အာမုန်၊ အာမုန်သား ယောရှိတည်း။
ယောယကိမ်သားကား ယေခေါနိနှင့် ဇေဒကိတည်း။
ပြည်သူပြည်သားတို့သည် ယောရှိသား ယောခတ်ကိုယူ၍၊ ယေရုရှလင်မြို့မှာ ခမည်းတော်အရာ၌ နန်းတင်ကြ၏။
နှစ်လည်သောအခါ၊ နေဗုခဒ်နေဇာမင်းကြီးသည် စစ်ချီစေ၍၊ ထိုမင်းနှင့်တကွ ကောင်းမွန်သော ဗိမာန်တော်တန်ဆာတို့ကို ဗာဗုလုန်မြို့သို့ ယူသွား၍၊ ဘထွေးတော်ဇေဒကိကို၊ ယုဒပြည် ယေရုရှလင်မြို့ နန်းတော်ပေါ်မှာ တင်လေ၏။
ခမည်းတော် ယောရှိမင်းကြီးအရာ၌စိုးစံ၍ ဤပြည်မှထွက်သွားသော ယုဒရှင်ဘုရင် ယောရှိမင်းကြီး၏သားရှလ္လုံကို ရည်မှတ်၍ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုမင်းသည် နောက်တစ်ဖန် ဤပြည်သို့ ပြန်၍မလာရ။
ထိုကြောင့်၊ ထာဝရဘုရားသည် ယုဒရှင်ဘုရင် ယောရှိမင်းကြီး၏သား ယောယကိမ်ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ ထိုမင်းသေသောအခါ လူများတို့က၊ ဩ ငါ့အစ်ကို၊ ဩ ငါ့နှမဟူ၍ မငိုကြွေးရကြ။ သူ၏အတွက်လည်း၊ ဩ သခင်၊ ဩ အရှင်မ၏ဘုန်းဟူ၍ မမြည်တမ်းရကြ။
မစားနိုင်အောင် အလွန်ညံ့သော သင်္ဘောသဖန်းသီးကဲ့သို့၊ ငါသည် ယုဒရှင်ဘုရင်ဇေဒကိမှစ၍၊ မှူးတော်မတ်တော်၊ ဤပြည်၌ ကျန်ကြွင်းသော ယေရုရှလင်မြို့သား၊ အဲဂုတ္တုပြည်၌နေသော အမျိုးသားတို့ကို ဖြစ်စေမည်။
ယုဒရှင်ဘုရင် ယောရှိသားယောယကိမ် နန်းထိုင်စက၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်ရောက်လာ၍၊
ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ယုဒရှင်ဘုရင်အရာ၌ ခန့်ထားသော ယောယကိမ်သားခေါနိအရာ၌၊ ယောရှိမင်းကြီး၏သား ဇေဒကိမင်းကြီးသည် နန်းထိုင်လေ၏။