Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 3:14

Judson Bible

မ​နာ​ရှေ​သား အာ​မုန်၊ အာ​မုန်​သား ယော​ရှိ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

မ​နာ​ရှေ​သည် ဘိုး​ဘေး​တို့​နှင့် အိပ်​ပျော်၍၊ ဩ​ဇ​ဥ​ယျာဉ်​တည်း​ဟူ​သော မိ​မိ​အိမ်​နှင့်​ဆိုင်​သော ဥ​ယျာဉ်၌ သင်္ဂြိုဟ်​ခြင်း​ကို ခံ​လေ၏။ သား​တော်​အာ​မုန်​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။

အာ​မုန်​သည် အ​သက်​နှစ်​ဆယ်​နှစ်​နှစ်​ရှိ​သော် နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ နှစ်​နှစ်​စိုး​စံ​လေ၏။ မယ်​တော်​ကား ယု​ပ္ဘါ​မြို့​သူ ဟာ​ရုပ်​သ​မီး မေ​ရှု​လ​မက်​အ​မည်​ရှိ၏။

ဩ​ဇ​ဥ​ယျာဉ်​တွင် မိ​မိ​သင်္ချိုင်း​တွင်း၌ သင်္ဂြိုဟ်​ခြင်း​ကို​ခံ၍၊ သား​တော်​ယော​ရှိ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။

ကျွန်​တို့​သည် ရ​ထား​တော်​ပေါ်​မှာ​တင်​ပြီး​လျှင်၊ မင်း​ကြီး​သေ​စဉ်​တွင် မေ​ဂိ​ဒ္ဒေါ​မြို့​မှ ယေ​ရု​ရှ​လင်​မြို့​သို့ ဆောင်​သွား၍ သင်္ချိုင်း​တော်၌ သင်္ဂြိုဟ်​ကြ၏။ ပြည်​သူ ပြည်​သား​တို့​သည် ယော​ရှိ​သား​ယော​ခတ်​ကို ယူ၍ ဘိ​သိက်​ပေး​လျက် ခ​မည်း​တော်​အ​ရာ၌ နန်း​တင်​ကြ၏။

ဖာ​ရော​နေ​ခေါ​သည်​လည်း၊ ယော​ရှိ​သား​ဧ​လျာ​ကိမ်​ကို ခ​မည်း​တော်​အ​ရာ၌ နန်း​တင်၍ ယော​ယ​ကိမ် အ​မည်​သစ်​ကို ပေး၏။ ယော​ခတ်​ကို အဲ​ဂု​တ္တု​ပြည်​သို့​ယူ​သွား၍ ထို​ပြည်၌ ယော​ခတ်​သည် သေ၏။

ယော​သံ​သား အာ​ခတ်၊ အာ​ခတ်​သား ဟေ​ဇ​ကိ၊ ဟေ​ဇ​ကိ​သား မ​နာ​ရှေ၊

ယော​ရှိ​သား​ဦး​ကား ယော​ဟာ​နန်၊ ဒု​တိ​ယ​သား ယော​ယ​ကိမ်၊ တ​တိ​ယ​သား ဇေ​ဒ​ကိ၊ စ​တု​တ္ထ​သား ရှ​လ္လုံ​တည်း။

ယော​ရှိ​သည် အ​သက်​ရှစ်​နှစ်​ရှိ​သော် နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ သုံး​ဆယ်​တစ်​နှစ် စိုး​စံ​လေ၏။

ပြည်​သူ​ပြည်​သား​တို့​သည် ယော​ရှိ​သား ယော​ခတ်​ကို​ယူ၍၊ ယေ​ရု​ရှ​လင်​မြို့​မှာ ခ​မည်း​တော်​အ​ရာ၌ နန်း​တင်​ကြ၏။

ဇေ​ဒ​ကိ​သည် အ​သက်​နှစ်​ဆယ်​တစ်​နှစ်​ရှိ​သော်၊ နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ တစ်​ဆယ်​တစ်​နှစ် စိုး​စံ​လေ၏။

ယော​ယ​ကိမ်​သည် အ​သက်​နှစ်​ဆယ်​ငါး​နှစ်​ရှိ​သော်၊ နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ တစ်​ဆယ်​တစ်​နှစ် စိုး​စံ​လေ၏။ ထို​မင်း​သည် မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၏။

ခ​မည်း​တော် ယော​ရှိ​မင်း​ကြီး​အ​ရာ၌​စိုး​စံ၍ ဤ​ပြည်​မှ​ထွက်​သွား​သော ယု​ဒ​ရှင်​ဘု​ရင် ယော​ရှိ​မင်း​ကြီး၏​သား​ရှ​လ္လုံ​ကို ရည်​မှတ်၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ထို​မင်း​သည် နောက်​တစ်​ဖန် ဤ​ပြည်​သို့ ပြန်၍​မ​လာ​ရ။

ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​ရှင်​ဘု​ရင် ယော​ရှိ​မင်း​ကြီး၏​သား ယော​ယ​ကိမ်​ကို ရည်​မှတ်၍ မိန့်​တော်​မူ​သည်​ကား၊ ထို​မင်း​သေ​သော​အ​ခါ လူ​များ​တို့​က၊ ဩ ငါ့​အစ်​ကို၊ ဩ ငါ့​နှ​မ​ဟူ၍ မ​ငို​ကြွေး​ရ​ကြ။ သူ၏​အ​တွက်​လည်း၊ ဩ သ​ခင်၊ ဩ အ​ရှင်​မ၏​ဘုန်း​ဟူ၍ မ​မြည်​တမ်း​ရ​ကြ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ