Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 3:11

Judson Bible

ယော​ရှ​ဖတ်​သား ယော​ရံ၊ ယော​ရံ​သား​အာ​ခ​ဇိ၊ အာ​ခ​ဇိ​သား ယော​ရှ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ယော​ရှ​ဖတ်​သည် ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍ သူ​တို့​နှင့်​အ​တူ အ​ဘ​ဒါ​ဝိဒ်​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို​ခံ​လေ၏။ သား​တော်​ယ​ဟော​ရံ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။

ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှ​ဖတ် နန်း​စံ ဆယ်​ခု​နစ်​နှစ်​တွင်၊ အာ​ဟပ်​သား​အာ​ခ​ဇိ​သည် ရှ​မာ​ရိ​မြို့၌​မင်း​ပြု၍ ဣ​သ​ရေ​လ​နိုင်​ငံ​ကို နှစ်​နှစ်​စိုး​စံ၏။

သို့​ရာ​တွင် အာ​ခ​ဇိ၏​နှ​မ ယ​ဟော​ရံ​မင်း​ကြီး​သ​မီး ယော​ရှေ​ဘ​သည် အာ​ခ​ဇိ၏​သား​ယော​ရှ​ကို အ​သေ​ခံ​ရ​သော ဆွေ​တော်​မျိုး​တော်​ထဲ​က ခိုး​ယူ၍ အာ​သ​လိ​လက်​မှ သူ၏​အ​သက်​လွတ်​စေ​ခြင်း​ငှာ၊ သူ​နှင့်​သူ၏ နို့​ထိန်း​ကို အိပ်​ခန်း​ထဲ၌​ဝှက်​ထား၏။

ယေ​ဟု​နန်း​စံ ခု​နစ်​နှစ်​တွင် ယော​ရှ​သည် အ​သက်​ခု​နစ်​နှစ်​ရှိ​သော်၊ နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ အ​နှစ်​လေး​ဆယ်​စိုး​စံ၏။ မယ်​တော်​ကား၊ ဗေ​ရ​ရှေ​ဘ​မြို့​သူ ဇိ​ဗိ​အ​မည်​ရှိ၏။

ဣ​သ​ရေ​လ​ရှင်​ဘု​ရင် အာ​ဟပ်​သား​ယော​ရံ နန်း​စံ​ငါး​နှစ်​တွင်၊ ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှ​ဖတ်​သား ယ​ဟော​ရံ​သည် နန်း​ထိုင်​လေ၏။

ယ​ဟော​ရံ​သည် ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍၊ သူ​တို့​နှင့်​အ​တူ ဒါ​ဝိဒ်​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို ခံ​လေ၏။ သား​တော်​အာ​ခ​ဇိ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။

ဣ​သ​ရေ​လ​ရှင်​ဘု​ရင် အာ​ဟပ်​သား​ယော​ရံ နန်း​စံ​ဆယ်​နှစ်​နှစ်​တွင်၊ ယု​ဒ​ရှင်​ဘု​ရင်​ယ​ဟော​ရံ​သား အာ​ခ​ဇိ​သည် နန်း​ထိုင်​လေ၏။

ရှော​လ​မုန်​သား​ကား ရော​ဗောင်၊ ရော​ဗောင်​သား အ​ဘိ​ယ၊ အ​ဘိ​ယ​သား ယော​ရှ​ဖတ်၊

ယော​ရှ​သား အာ​မ​ဇိ၊ အာ​မ​ဇိ​သား ဩ​ဇိ၊ ဩ​ဇိ​သား ယော​သံ၊

ယော​ရှ​ဖတ်​သည် ဘိုး​ဘေး​တို့​နှင့် အိပ်​ပျော်၍၊ သူ​တို့​နှင့်​အ​တူ ဒါ​ဝိဒ်​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို​ခံ​လေ၏။ သား​တော်​ယ​ဟော​ရံ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။

သူ​တို့​သည် ယု​ဒ​ပြည်​သို့​ချီ​လာ၍ လုပ်​ကြံ​ကြ၏။ နန်း​တော်၌​တွေ့​သ​မျှ​သော ဥ​စ္စာ​များ​နှင့် ရှင်​ဘု​ရင်၏​သား​မ​ယား​များ​တို့​ကို သိမ်း​သွား​ကြ​သ​ဖြင့်၊ အ​ထွေး​ဆုံး​သော​သား အာ​ခ​ဇိ​မှ​တစ်​ပါး၊ တစ်​ယောက်​မျှ မ​ကျန်​ကြွင်း။

ထို​သို့​ရာ​မုတ်​မြို့၌ ရှု​ရိ​ရှင်​ဘု​ရင်​ဟာ​ဇေ​လ​ကို​တိုက်၍၊ ရှု​ရိ​လူ​ထိ​ခိုက်​သော အ​နာ​ပျောက်​စေ​ခြင်း​ငှာ၊ ယော​ရံ​သည် ယေ​ဇ​ရေ​လ​မြို့​သို့ ပြန်​သွား၍ နာ​လျက်​နေ​စဉ်​တွင်၊ ယု​ဒ​ရှင်​ဘု​ရင် ယ​ဟော​ရံ​သား အာ​ခ​ဇိ​သည်​လည်း၊ အာ​ဟပ်​သား​ယော​ရံ​ကို ကြည့်​ရှု​ခြင်း​ငှာ ထို​မြို့​သို့ ဆင်း​သွား​လေ၏။

ယော​ရှ​သည် အ​သက်​ခု​နစ်​နှစ်​ရှိ​သော်၊ နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ အ​နှစ်​လေး​ဆယ်​စိုး​စံ၏။ မယ်​တော်​ကား၊ ဗေ​ရ​ရှေ​ဘ​မြို့​သူ ဇိ​ဗိ​အ​မည်​ရှိ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ