ရှောလမုန်သားကား ရောဗောင်၊ ရောဗောင်သား အဘိယ၊ အဘိယသား ယောရှဖတ်၊
ဘိုးဘေးတို့နှင့်အိပ်ပျော်၍ ခမည်းတော်ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်ရောဗောင်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
ရောဗောင်သည်လည်း ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ ဒါဝိဒ်မြို့၌ သူတို့နှင့်အတူ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။ သားတော်အဘိယသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
ဘိုးဘေးတို့နှင့်အိပ်ပျော်၍ အဘီတော်ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။ သားတော်ယောရှဖတ်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
ရောဗောင်သားအဘိယနှင့် ယေရောဗောင်တို့သည် အသက်ရှည်သမျှကာလပတ်လုံး ရန်ဘက်ပြုကြ၏။
အဘိယသည်ဘိုးဘေးတို့နှင့် အိပ်ပျော်၍ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။ သားတော်အာသသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
ယောရှဖတ်သား ယောရံ၊ ယောရံသားအာခဇိ၊ အာခဇိသား ယောရှ၊
ဤရွေ့ကား မယားငယ်တွင် ရသောသားတို့ကိုမဆိုဘဲ ဒါဝိဒ်၏သားများတည်း။ နှမတာမာလည်းရှိ၏။
ယေရောဗောင်မင်းကြီး နန်းစံဆယ်နှစ်နှစ်တွင် အဘိယသည် ယေရုရှလင်မြို့၌မင်းပြု၍၊
အဘိယသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်အာသသည် ခမည်းတော်အရာ၌ နန်းထိုင်၏။ ထိုမင်းလက်ထက်၊ ပြည်တော်သည် ဆယ်နှစ်ပတ်လုံး ငြိမ်းချမ်းသာယာ၏။
အာသသားယောရှဖတ်သည် ခမည်းတော်အရာ၌ နန်းထိုင်၍၊ ဣသရေလနိုင်ငံတစ်ဖက် မိမိကိုခိုင်ခံ့စေ၏။