Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 29:6

Judson Bible

အ​ဆွေ​အ​မျိုး​တို့၏ အ​ကြီး​အ​ကဲ​များ၊ ဣ​သ​ရေ​လ​အ​မျိုး အ​သီး​အ​သီး​တို့​ကို အုပ်​စိုး​သော​မင်း​များ၊ လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်​များ၊ ရှင်​ဘု​ရင်၏​အ​မှု​တော်​ကို စီ​ရင်​သော​သူ​များ​တို့​သည် ကြည်​ညို​သော​စိတ်​ရှိ၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ယဇ်​ပု​ရော​ဟိတ်​တို့​သည် မိ​မိ​တို့​အ​သိ​အ​ကျွမ်း လှူ​သည်​အ​တိုင်း​ခံ​ယူ၍၊ ဗိ​မာန်​တော်​ပြို​ပျက်​ရာ​ရှိ​သ​မျှ​တို့​ကို ပြု​ပြင်​ကြ​စေ​ဟု ယဇ်​ပု​ရော​ဟိတ်​တို့​အား မိန့်​တော်​မူ၏။

အ​ဒေ​လ​သား အာ​ဇိ​မာ​ဝက်​သည် ဘ​ဏ္ဍာ​တော်​စိုး​ဖြစ်၏။ ဩ​ဇိ​သား​ယော​န​သန်​သည် လယ်​ပြင်၊ မြို့​ရွာ၊ ရဲ​တိုက်၌​ရှိ​သော ဘ​ဏ္ဍာ​တိုက်​တို့​ကို​အုပ်​ရ၏။

တစ်​ဖန် ဒါ​ဝိဒ်​မင်း​သည် ဣ​သ​ရေ​လ​မင်း​များ​တည်း​ဟူ​သော အ​မျိုး​အ​သီး​အ​သီး​ကို အုပ်​သော​မင်း၊ အ​လှည့်​လှည့် အ​မှု​တော်​ကို​စောင့်​သော တပ်​မှူး​ဗိုလ်​မင်း၊ လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ ရှင်​ဘု​ရင်၏​ဘ​ဏ္ဍာ​စိုး၊ သား​တော်၏​ဘ​ဏ္ဍာ​စိုး၊ ခွန်​အား​ရှိ​သော သူ​ရဲ​အ​ကြီး​အ​ကဲ အ​ရာ​ရှိ​အ​ပေါင်း​တို့​ကို ယေ​ရု​ရှ​လင်​မြို့​မှာ စု​ဝေး​စေ​တော်​မူ၏။

ရွှေ​သည် ရွှေ​တန်​ဆာ​အ​ဖို့၊ ငွေ​သည် ငွေ​တန်​ဆာ​အ​ဖို့​နှင့် ဆ​ရာ​သ​မား​လုပ်​သ​မျှ​အ​ဖို့ ဖြစ်၏။ သို့​ဖြစ်၍ ယ​နေ့ ထာ​ဝ​ရ​ဘု​ရား​အား ကိုယ်​ဥ​စ္စာ​ကို အ​ဘယ်​သူ​ပူ​ဇော်​ချင်​သ​နည်း​ဟု ပ​ရိ​သတ်​အ​ပေါင်း​တို့​အား မေး​တော်​မူ​လျှင်၊

မှူး​မတ်​တို့​သည်​လည်း၊ စေ​တ​နာ​စိတ်​ရှိ၍ လူ​များ၊ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​တို့​အား​ပေး​ကြ၏။ ဗိ​မာန်​တော်​မှူး​ဟိ​လ​ခိ၊ ဇာ​ခ​ရိ၊ ယေ​ဟေ​လ​သည်​လည်း၊ ပ​သ​ခါ​ပွဲ ခံ​စ​ရာ​ဖို့ သိုး​ဆိတ် နှစ်​ထောင်​ခြောက်​ရာ​နှင့် နွား​သုံး​ရာ​ကို ယဇ်​ပု​ရော​ဟိတ်​တို့​အား ပေး​ကြ၏။

ဣ​သ​ရေ​လ​အ​မျိုး​သား၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ယေ​ရု​ရှ​လင်​မြို့၏ ဘု​ရား​အိမ်​တော်​အ​ဖို့ အ​လို​လို​လှူ၍ ဗာ​ဗု​လုန်​ပြည်၌ သင်​ရ​နိုင်​သ​မျှ​သော ရွှေ​ငွေ​ကို ဆောင်​သွား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ရှင်​ဘု​ရင်​နှင့် အ​တွင်း​ဝန်​ခု​နစ်​ပါး စေ​လွှတ်၏။

လူ​တိုင်း ကိုယ်​အ​လို​အ​လျောက် လှူ​ရ၏။ နှ​မြော​သော​စိတ်​နှင့် မ​လှူ​ရ၊ မ​လှူ​ဘဲ​မ​နေ​ရ​ဟု စိတ်​ထင်​နှင့် မ​လှူ​ရ၊ အ​ကြောင်း​မူ​ကား၊ စေ​တ​နာ​စိတ်​နှင့် လှူ​သော​သူ​ကို​သာ ဘု​ရား​သ​ခင် နှစ်​သက်​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ