သို့ရာတွင် ဘုရားသခင်က သင်သည် စစ်တိုက်သောသူ၊ လူအသက်ကို သတ်သောသူဖြစ်၍၊ ငါ့နာမအဖို့ အိမ်တော်ကို မတည်မဆောက်ရဟု မိန့်တော်မူ၏။
ငါ့အဘဒါဝိဒ်သည် အရပ်ရပ်၌ စစ်တိုက်ရသောကြောင့်၊ ထာဝရဘုရားသည် ရန်သူတို့ကို အဘခြေဖဝါးတော်အောက်သို့ နှိမ့်ချတော်မမူမီတိုင်အောင်၊ မိမိဘုရားသခင်ထာဝရဘုရား၏နာမတော်အဖို့ အိမ်တော်ကို မတည်မဆောက်ရဟု မင်းကြီးသိ၏။
ငါ့ကျွန် ဒါဝိဒ်ထံသို့ သွားလော့။ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် ငါနေစရာဖို့ အိမ်ကိုမဆောက်ရ။
သို့ရာတွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါသို့ရောက်သည်ကား၊ သင်သည် များစွာစစ်တိုက်၍ လူအများတို့ကို သတ်လေပြီ။ မြေကြီးပေါ်မှာ ငါ့မျက်မှောက်၌ များစွာသောအသွေးကို သွန်းသောကြောင့်၊ ငါ့နာမအဖို့ အိမ်ကို မတည်မဆောက်ရ။