ထိုမင်းသည် ဖာရက်အမျိုးသားဖြစ်၍၊ ပထမလတွင် အမှုစောင့်သော တပ်မှူးအပေါင်းတို့ကို အုပ်ရ၏။
သို့သော်လည်း ထိုသူသည်မိမိလက်ကိုရုပ်ပြန်၍ သူ့အစ်ကိုဖွားသည်ကို ဝမ်းဆွဲက၊ သင်သည် အဘယ်ကြောင့်အနိုင်အထက်ပြုရသနည်း။ အနိုင်အထက်ပြုသောဤအမှုသည် သင်၌စွဲစေဟုဆိုလျက် သူ့ကိုဖာရက်အမည်ဖြင့် မှည့်လေ၏။
ပထမလတွင် ပထမတပ်ကိုအုပ်သော ဗိုလ်မင်းကား၊ ဇာဗဒေလသား ယာရှောဗံနှင့် တပ်သားပေါင်း နှစ်သောင်းလေးထောင်တည်း။
ဒုတိယလတွင် အမှုစောင့်သောတပ်ကို အုပ်သောဗိုလ်မင်းကား၊ အဟောဟိအမျိုးသားဒေါဒနှင့် စစ်ကဲမိကလုပ်၊ တပ်သားပေါင်း နှစ်သောင်းလေးထောင်တည်း။
ယုဒတပ်အစဉ်အတိုင်း အလုံးအရင်းတို့သည်၊ အလံနှင့်တကွ ရှေ့ဦးစွာချီသွားကြ၏။ ယုဒတပ်ကို၊ အမိနဒပ်သားနာရှုန် အုပ်ရ၏။
ဘိုးဘအဆွေအမျိုးအလိုက်၊ ရှေလမှဆင်းသက်သော ရှေလနိအဆွေအမျိုး၊ ဖာရဇ်မှဆင်းသက်သော ဖာရဇိအဆွေအမျိုး၊ ဇေရမှဆင်းသက်သော ဇေရဟိအဆွေအမျိုးတည်း။
ထိုသို့နှင့်အညီ၊ ပထမနေ့၌ ယုဒအမျိုး၊ အမိနဒပ်သားနာရှုန်သည် ဆက်သော ပူဇော်သကာဟူမူကား၊