Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 27:25

Judson Bible

အ​ဒေ​လ​သား အာ​ဇိ​မာ​ဝက်​သည် ဘ​ဏ္ဍာ​တော်​စိုး​ဖြစ်၏။ ဩ​ဇိ​သား​ယော​န​သန်​သည် လယ်​ပြင်၊ မြို့​ရွာ၊ ရဲ​တိုက်၌​ရှိ​သော ဘ​ဏ္ဍာ​တိုက်​တို့​ကို​အုပ်​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ခု​နစ်​နှစ်​ပတ်​လုံး အဲ​ဂု​တ္တု​ပြည်​တွင်​ရှိ​သ​မျှ​သော​ရိ​က္ခာ​ကို​စု​ရုံး၍ မြို့​တို့၌ သို​ထား​လေ၏။ မြို့​ပတ်​ဝန်း​ကျင်​လယ်​တို့၌​ရ​သော ရိ​က္ခာ​ကို​မြို့​အ​သီး​အ​သီး​တို့​တွင် သို​ထား​လေ၏။

အာ​ဗ​သိ​အ​မျိုး အ​ဗျာ​လ​ဗုန်၊ ဗာ​ဟု​မိ​အ​မျိုး အာ​ဇ​မာ​ဝက်၊

ဟေ​ဇ​ကိ​သည် ဗိ​မာန်​တော်၌​လည်း​ကောင်း၊ နန်း​တော် ဘ​ဏ္ဍာ​တိုက်၌​လည်း​ကောင်း၊ တွေ့​သ​မျှ​သော​ငွေ​ကို ပေး၏။

ဇေ​ရု​ယာ​သား ယွာ​ဘ​သည် စာ​ရင်း​ယူ​စ​ပြု၍၊ ထို​အ​ပြစ်​ကြောင့် အ​မျက်​တော်​သည် ဣ​သ​ရေ​လ​အ​မျိုး​အ​ပေါ်​သို့ သက်​ရောက်​သော​အ​ခါ လက်​စ​မ​သတ်။ ရေ​တွက်၍​ရ​သော လူ​ပေါင်း​ကို ဒါ​ဝိဒ်​မင်း​ကြီး၏​မှတ်​စာ၌ မ​သွင်း​မ​မှတ်။

ခေ​လုပ်​သား​ဧ​ဇ​ရိ​သည် လယ်​ယာ​လုပ်​သော​သူ​တို့​ကို အုပ်​ရ၏။

တစ်​ဖန် ဒါ​ဝိဒ်​မင်း​သည် ဣ​သ​ရေ​လ​မင်း​များ​တည်း​ဟူ​သော အ​မျိုး​အ​သီး​အ​သီး​ကို အုပ်​သော​မင်း၊ အ​လှည့်​လှည့် အ​မှု​တော်​ကို​စောင့်​သော တပ်​မှူး​ဗိုလ်​မင်း၊ လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ ရှင်​ဘု​ရင်၏​ဘ​ဏ္ဍာ​စိုး၊ သား​တော်၏​ဘ​ဏ္ဍာ​စိုး၊ ခွန်​အား​ရှိ​သော သူ​ရဲ​အ​ကြီး​အ​ကဲ အ​ရာ​ရှိ​အ​ပေါင်း​တို့​ကို ယေ​ရု​ရှ​လင်​မြို့​မှာ စု​ဝေး​စေ​တော်​မူ၏။

အ​ဆွေ​အ​မျိုး​တို့၏ အ​ကြီး​အ​ကဲ​များ၊ ဣ​သ​ရေ​လ​အ​မျိုး အ​သီး​အ​သီး​တို့​ကို အုပ်​စိုး​သော​မင်း​များ၊ လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်​များ၊ ရှင်​ဘု​ရင်၏​အ​မှု​တော်​ကို စီ​ရင်​သော​သူ​များ​တို့​သည် ကြည်​ညို​သော​စိတ်​ရှိ၍၊

ထို​အ​ခါ ဗိ​မာန်​တော်​ဘ​ဏ္ဍာ​နှင့် နန်း​တော်​ဘ​ဏ္ဍာ​တည်း​ဟူ​သော ရွှေ​ငွေ​ရှိ​သ​မျှ​ကို၊ အာ​သ​သည်​ထုတ်၍၊ ဒ​မာ​သက်​မြို့၌​နေ​သော ရှု​ရိ​ရှင်​ဘု​ရင်​ဗင်္ဟာ​ဒဒ်​ထံ​သို့ ပေး​လိုက်၍၊

တော၌​လည်း ရဲ​တိုက်​တို့​ကို တည်၏။ ရေ​တွင်း​များ​ကို​လည်း တူး၏။ ချိုင့်​ဝှမ်း​ရာ​အ​ရပ်​နှင့် မြေ​ညီ​ရာ​အ​ရပ်၌ များ​စွာ​သော သိုး​နွား​တို့​ကို ဆည်း​ပူး၍ တောင်​အ​ရပ်၊ မြေ​ကောင်း​သော​အ​ရပ်၌ လယ်​လုပ်​သော​သူ​နှင့် စ​ပျစ်​ဥ​ယျာဉ် ပြု​စု​သော​သူ​တို့​ကို​လည်း စေ​စား၏။ ထို​သို့​သော​အ​မှု​များ​ကို ဝါ​သ​နာ​ရှိ၏။

ထို​ကြောင့်​အဲ​ဂု​တ္တု​မင်း​တို့​သည်၊ ကျပ်​တည်း​စွာ​နှိပ်​စက်​ညှဉ်း​ဆဲ​စေ​ခြင်း​ငှာ အ​အုပ်​အ​ချုပ်​ခန့်​ထား​ကြ၏။ ဣ​သ​ရေ​လ​လူ​တို့​သည်၊ ဘ​ဏ္ဍာ​တော်​သို​ထား​ဖို့၊ ပိ​သုံ​မြို့​နှင့် ရာ​မ​သက်​မြို့​ကို​တည်​ဆောက်​ရ​ကြ​၏။

ထို​သူ​တို့​တွင်​ပါ​သော လူ​တစ်​ကျိပ်​တို့​က၊ အ​ကျွန်ုပ်​တို့​ကို မ​သတ်​ပါ​နှင့်။ အ​ကျွန်ုပ်​တို့​သို​ထား​သော ဥ​စ္စာ​တည်း​ဟူ​သော ဂျုံ၊ မု​ယော၊ ဆီ၊ ပျား​ရည်​သည် တော၌​ရှိ​ပါ၏​ဟု၊ ဣ​ရှ​မေ​လ​အား​ပြော​ဆို​သော​ကြောင့်၊ ထို​သူ​တို့​ကို သူ​တို့ ညီ​အစ်​ကို​များ​နှင့်​အ​တူ မ​သတ်​ဘဲ​နေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ