Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 27:1

Judson Bible

ရှင်​ဘု​ရင်​အ​မှု​တော်​ကို စောင့်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​ဆွေ​အ​မျိုး​သူ​ကြီး၊ လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ အ​ရာ​ရှိ​တို့​နှင့်​တ​ကွ၊ တစ်​နှစ်​တွင် တစ်​ဆယ်​နှစ်​လ အ​စဉ်​အ​တိုင်း တပ်​ဖွဲ့၍၊ တစ်​လ​စီ​တစ်​လ​စီ အ​လှည့်​လှည့်​စောင့်​ရ​သော တပ်​သား​အ​မှု​ထမ်း နှစ်​သောင်း​လေး​ထောင်​စီ ရှိ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်၏ အ​မှု​တော်​ထမ်း​သူ​ရဲ​ကြီး​တို့၏​အ​မည်​များ​ဟူ​မူ​ကား၊ ဟ​ပ္ပေါ​နိ​အ​မျိုး ယာ​ရှော​ဘံ​သည် ဗိုလ်​ချုပ်​ဖြစ်၏။ ထို​သူ​သည် လှံ​ကို​ကိုင်​လျက် လူ​သုံး​ရာ​ကို တစ်​ခါ​တည်း​တိုက်၍ လုပ်​ကြံ​လေ၏။

ဝန်​စာ​ရေး​တို့​သည်​လည်း ရှော​လ​မုန်​မင်း​ကြီး​နှင့် စား​ပွဲ​တော်​သို့ ဝင်​သော​သူ​အ​ပေါင်း​တို့​အ​ဖို့ တစ်​ယောက်​တစ်​လ​စီ စုံ​လင်​စွာ ပြင်​ဆင်​ရ​ကြ၏။

ရှော​လ​မုန်​သည် ဣ​သ​ရေ​လ​နိုင်​ငံ​အ​ရပ်​ရပ်၌ ခန့်​ထား​သော ဝန်​စာ​ရေး​တစ်​ကျိပ်​နှစ်​ယောက်​တို့​သည် တစ်​ယောက်​တစ်​လ​စီ ရှင်​ဘု​ရင်​နှင့် နန်း​တော်​သား​တို့​အ​ဖို့ စား​စ​ရာ​ကို ပြင်​ဆင်​ရ​ကြ၏။

အ​လှည့်​အ​လှည့် တစ်​လ​လျှင်​တစ်​သောင်း​စီ၊ လေ​ဗ​နုန်​တောင်​သို့ စေ​လွှတ်​သ​ဖြင့်၊ ထို​လူ​တို့​သည် လေ​ဗ​နုန်​တောင်​ပေါ်​မှာ​တစ်​လ၊ ကိုယ်​နေ​ရာ​အ​ရပ်၌ နှစ်​လ​နေ​ရ​ကြ၏။ ထို​လူ​တို့​ကို အ​ဒေါ​နိ​ရံ​အုပ်​ရ၏။

ဣ​သ​ရေ​လ​အ​မျိုး၌ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​အ​တိုင်း၊ ဒါ​ဝိဒ်​ကို ရှင်​ဘု​ရင်​အ​ရာ၌​ချီး​မြှောက်​ခြင်း​ငှာ ဣ​သ​ရေ​လ​အ​မျိုး အ​ပေါင်း​တို့​နှင့်​ဝိုင်း၍ ဒါ​ဝိဒ်​မင်း​ဘက်​မှာ ကြိုး​စား​အား​ထုတ်​သော အ​မှု​တော်​ထမ်း သူ​ရဲ​ကြီး​တို့၏​စာ​ရင်း​ဟူ​မူ​ကား၊

တစ်​ဖန် ဒါ​ဝိဒ်​သည် လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်​အ​စ​ရှိ​သော အ​ကြီး​အ​ကဲ​အ​ပေါင်း​တို့​နှင့် တိုင်​ပင်​ပြီး​လျှင်၊

ယေ​ရိ​ယ၏​ပေါက်​ဖော်​တည်း​ဟူ​သော သူ​ရဲ​ကြီး၊ အ​ဆွေ​အ​မျိုး​သူ​ကြီး နှစ်​ထောင်​ခု​နစ်​ရာ​တို့​သည် ဒါ​ဝိဒ်​မင်း​ကြီး​ခန့်​ထား​သည်​အ​တိုင်း၊ ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​ကို​အုပ်​စိုး၍ ဘု​ရား​သ​ခင်၏​အ​မှု​တော်​နှင့် ရှင်​ဘု​ရင်​အ​မှု​အ​မျိုး​မျိုး​တို့​ကို စောင့်​ရ​ကြ၏။

ပ​ထ​မ​လ​တွင် ပ​ထ​မ​တပ်​ကို​အုပ်​သော ဗိုလ်​မင်း​ကား၊ ဇာ​ဗ​ဒေ​လ​သား ယာ​ရှော​ဗံ​နှင့် တပ်​သား​ပေါင်း နှစ်​သောင်း​လေး​ထောင်​တည်း။

တစ်​ဖန် ဒါ​ဝိဒ်​မင်း​သည် ဣ​သ​ရေ​လ​မင်း​များ​တည်း​ဟူ​သော အ​မျိုး​အ​သီး​အ​သီး​ကို အုပ်​သော​မင်း၊ အ​လှည့်​လှည့် အ​မှု​တော်​ကို​စောင့်​သော တပ်​မှူး​ဗိုလ်​မင်း၊ လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ ရှင်​ဘု​ရင်၏​ဘ​ဏ္ဍာ​စိုး၊ သား​တော်၏​ဘ​ဏ္ဍာ​စိုး၊ ခွန်​အား​ရှိ​သော သူ​ရဲ​အ​ကြီး​အ​ကဲ အ​ရာ​ရှိ​အ​ပေါင်း​တို့​ကို ယေ​ရု​ရှ​လင်​မြို့​မှာ စု​ဝေး​စေ​တော်​မူ၏။

အ​ဆွေ​အ​မျိုး​တို့၏ အ​ကြီး​အ​ကဲ​များ၊ ဣ​သ​ရေ​လ​အ​မျိုး အ​သီး​အ​သီး​တို့​ကို အုပ်​စိုး​သော​မင်း​များ၊ လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်​များ၊ ရှင်​ဘု​ရင်၏​အ​မှု​တော်​ကို စီ​ရင်​သော​သူ​များ​တို့​သည် ကြည်​ညို​သော​စိတ်​ရှိ၍၊

လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ တ​ရား​သူ​ကြီး၊ ဣ​သ​ရေ​လ​မင်း​အ​ပေါင်း​တို့​နှင့် အ​ဆွေ​အ​မျိုး​သူ​ကြီး အ​စ​ရှိ​သော ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​ကို​ခေါ်၍၊

တတ်​စွမ်း​နိုင်​သော​သူ​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​ထဲ​က​ရွေး​ကောက်၍ လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ ငါး​ဆယ်​အုပ်၊ တစ်​ဆယ်​အုပ်​အ​သီး​အ​သီး ခေါင်း​အ​ရာ၌​ခန့်​ထား​လေ​၏။

အို ဗက်​လင်​ဧ​ဖ​ရတ်​မြို့၊ အ​စိုး​ရ​သော ယု​ဒ​မြို့​တို့​တွင် သင်​သည် မြို့​ငယ်​မြို့​ယုတ်​ဖြစ်​သော်​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကို အုပ်​စိုး​ရ​သော သ​ခင်​သည် ငါ့​အ​ဖို့ သင်၏​အ​ထဲ​မှာ ပေါ်​ထွန်း​လ​တ္တံ့။ ထို​သ​ခင်​သည် ရှေး​ကပ်​က​မ္ဘာ​မှ​စ၍ ပေါ်​ထွန်း​သော​သ​ခင် ဖြစ်၏။

ထို​ကြောင့် သင်​တို့​အ​မျိုး​များ၌ အ​သ​ရေ​ရှိ​သော​လူ​ကြီး၊ ပ​ညာ​ရှိ​တို့​ကို ငါ​ရွေး​ချယ်​ပြီး​လျှင်၊ သင်​တို့​တွင် မင်း​လုပ်​ရ​သော​သူ​တည်း​ဟူ​သော လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ ငါး​ဆယ်​အုပ်၊ တစ်​ဆယ်​အုပ်၊ အ​ကြပ်​အ​ဆော်​အ​ရာ၌ ခန့်​ထား၏။

ထာ​ဝ​ရ​ဘု​ရား​သည် ပတ်​ဝန်း​ကျင်​နေ​သော ရန်​သူ​အ​ပေါင်း​တို့​လက်​မှ ဣ​သ​ရေ​လ​အ​မျိုး​ကို ကယ်​လွှတ်၍၊ ငြိမ်​သက်​ခြင်း​အ​ခွင့်​ကို ကြာ​မြင့်​စွာ​သော ကာ​လ​ပတ်​လုံး​ပေး​တော်​မူ​ပြီး​မှ၊ ယော​ရှု​သည် အ​သက်​ကြီး၍ အို​မင်း​သော​အ​ခါ၊

လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ ငါး​ဆယ်​အုပ်၊ တစ်​ဆယ်​အုပ်​အ​ရာ၌ ခန့်​ထား၍၊ လယ်​လုပ်​ခြင်း၊ စ​ပါး​ရိတ်​ခြင်း၊ စစ်​တိုက်​တန်​ဆာ၊ ရ​ထား​တန်​ဆာ​ကို​လုပ်​ခြင်း​အ​မှု​များ​ကို ဝေ​ဖန်​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ