ခွန်အားကြီးသော မေရှလေမိသားညီ ယောက်ျားပေါင်းကား တစ်ကျိပ်ရှစ်ယောက်တည်း။
အသီးအသီးသင်းဖွဲ့သော တံခါးစောင့်များဟူမူကား။ ကောရဟိအမျိုး ဧဗျာသပ်အနွယ်၊ ကောရသား မေရှလေမိ၊
မေရာရိအမျိုး၊ ဟောသ၏သားတို့တွင် ရှိမရိသည် သားဦးမဟုတ်သော်လည်း၊ အဘခန့်ထားသောကြောင့် သားအကြီးဖြစ်သတည်း။
အရှေ့မျက်နှာကို ရှေလမိရ၏။ ရှေလမိသားပညာရှိဇာခရိသည် စာရေးတံအားဖြင့် မြောက်မျက်နှာကိုရ၏။
အမှုတော်ကိုဆောင်ရွက်ခြင်းငှာ တတ်စွမ်းနိုင်အောင် ခွန်အားကြီးသော ဩဗဒေဒုံအမျိုးသားချင်း ယောက်ျားပေါင်းကား ခြောက်ကျိပ်နှစ်ယောက်တည်း။